fbpx

သတင်းတု၊ သတင်းမှားများ ပျံ့နှံ့နေမှု ကိုင်တွယ်ဖြေရှင်းနေဟု ဖေ့စ်ဘွတ်ခ် စီအီးအိုပြော

ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ သတင်းတု၊ သတင်းမှားတွေ ပျံ့နှံ့နေတာကို ကိုင်တွယ်ဖြေရှင်းနေတယ်လို့ စီအီးအို မက်ဇူကာဘတ်က မေလ  ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ဖေ့ဘွတ်ခ်အနေနဲ့ သတင်းမှားတွေအပေါ် လုံလောက်အောင် တန်ပြန်ဆောင်ရွက်တာ မရှိဘူးလို့  ဝေဖန်ခံရချိန်မှာပဲ   ကုမ္ပဏီဟာ သတင်းမှားပို့စ်တွေကို  ဖြုတ်ချတာတွေ၊ သတိပေးချက် ထုတ်ပြန်တာတွေ လုပ်နေတယ်လို့ ဇူကာဘတ်က ပြောပါတယ်။ 

 ဖေ့စ်ဘွတ်ခ်အနေနဲ့ သီးခြား အချက်အလက် စစ်ဆေးသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး ရုပ်ပိုင်း ထိခိုက်ဖွယ်ရှိတဲ့  အကြောင်းအရာ  ထောင်ချီကို ဖြုတ်ချခဲ့ပြီး သတိပေးချက်ပေါင်း သန်း ၅၀ ထုတ်ပြန်ခဲ့တယ်လို့ ဇူကာဘတ်က ဆိုပါတယ်။

မကြာသေးခင်က ဖေ့စ်ဘွတ်ခ်ဟာ အန္တရာယ်ရှိ သတင်းမှားများဆိုင်ရာ မူဝါဒချိုးဖောက်မှုနဲ့  ဗြိတိန်နိုင်ငံသား  ဒေးဗစ်လက်ခ်ရဲ့ တရားဝင်ပေ့ခ်ျကို ဖယ်ရှားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  

Source : DVB