fbpx

ပီရူးတနိုင်ငံလုံး လော့ဒေါင်း ဇွန်လကုန်အထိ သက်တမ်းတိုး

ပီရူးမှာ တနိုင်ငံလုံး လော့ဒေါင်းချထားပြီး အရေးပေါ်အခြေအနေကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးလိုက်တယ်လို့ မေ ၂၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ 

ပီရူးဟာ မတ်လလယ်ကစလို့ တနိုင်ငံလုံး လော့ဒေါင်းချခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် သက်တမ်းတိုးလိုက်တဲ့ဇွန်လ ၃၀ ရက်နေ့အထိဆိုရင် သုံးလကျော်ကြာမှာပါ။ 

ဒါဟာ ကပ်ဘေးကြောင့် အထိခိုက်ဆုံးနိုင်ငံတွေဖြစ်ခဲ့တဲ့ တရုတ်၊ စပိန်၊ အီတလီတို့ကို ကျော်လွန်ပြီး လော့ဒေါင်းကာလ အကြာမြင့်ဆုံးချမှတ်တဲ့နိုင်ငံဖြစ်လာပါတယ်။ 

ပီရူးမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်နိုင်တင်းအတည်ပြုလူနာဦးရေ ၁၁၁,၆၉၈ ဦးနဲ့ သေဆုံးသူက ၃၂၄၄ ဦး ရှိပါတယ်။ 

လော့ဒေါင်းကာလမှာ ဘောလုံးပြိုင်ပွဲအပါအဝင် တချို့အားကစားပြိုင်ပွဲတွေကို ခွင့်ပြုပေးထားပါတယ်။ ဒါပေမဲ့ ကွင်းတွေမှာ ပရိသတ်မပါဘဲ ကစားရခိုင်းထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

Source : DVB