fbpx

သီတဂူတွင် Quarantine ဝင်နေသည့် သီရိလင်္ကာပြန်များ ပိုးမတွေ့အဖြေထွက်

မန္တလေး၊ မေ ၂၃
သီတဂူဝိပသနာ အကယ်ဒမီနှင့်သီတဂူဗုဒ္ဓတက္ကသိုလ်တို့တွင် Quarantine ဝင်နေသည့် သံဃာတော်များ ၊ သီလရှင်နှင့်လူပုဂ္ဂိုလ် ၁၆၃ ဦးထံမှ ဓာတ်ခွဲနမူနာယူ၍ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့အားလုံးတွင် ပိုးမတွေ့ကြောင်း သီတဂူဝိပသနာအကယ်ဒမီထံမှ သိရသည်။
သီရိလင်္ကာနိုင်ငံမှ စာသင်သားသံဃာတော် ၁၃၀ ပါး၊ သီလရှင်တစ်ပါးနှင့် လူပုဂ္ဂိုလ် ၁၄ ဦး၊ မော်လဒိုက်နိုင်ငံမှ လူပုဂ္ဂိုလ် ၁၈ ဦး စုစုပေါင်း ၁၆၃ ဦးတို့၏ ရောဂါစစ်ဆေးမှုရလဒ်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်ကင်းစင်နေပြီး ဇွန်လ ၆ ရက်နေ့အထိ ၂၁ ရက်တာ အပြည့်အဝစောင့်ရှောက်ကြည့်ရှုရန် စီမံပေးထားရှိကြောင်း သီတဂူဝိပသနာအကယ်ဒမီမှ တာဝန်ရှိသူ ဆရာတော်တစ်ပါးက  မိန့်ကြားသည်။
အဆိုပါစာသင်သားသံဃာတော်များ၊သီလရှင်နှင့်လူပုဂ္ဂိုလ်တို့သည် သီတဂူဆရာတော်၏အစီအစဉ်ဖြင့် ပြန်ရောက်လာသူများ ဖြစ်သည်။
S-02

Source : The Voice