fbpx

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှစ်ပတ်လည် အစည်းအဝေး၌ နိုင်ငံရေး အကြံပေးများ ဆွေးနွေးမှုတွင် ပါဝင်တက်ရောက်

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) အမျိုးသား ကော်မတီ၏ တတိယ အကြိမ် အစည်းအဝေးအား မေ ၂၁ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၃ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) အမျိုးသား ကော်မတီ၏ တတိယ အကြိမ်အစည်းအဝေး၏ ပူးတွဲအုပ်စုလိုက် အစည်းအဝေးသို့ တက်ရောက်နေသော စီးပွားရေး ကဏ္ဍမှ အမျိုးသား နိုင်ငံရေး အကြံပေးများနှင့် ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီသည် ဆွေးနွေးမှုများတွင် ပါဝင်ခဲ့ပြီး ၎င်းတို့၏ အကြံပေးချက်များ နှင့် မှတ်ချက်များအား ကြားနာခဲ့ကြောင်း သိရသည်။(Xinhua)

 

Source : Xinhua Myanmar