fbpx

ကိုရိုနာကပ်ရောဂါမဖြစ်ပွားမီတွင် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ရန် စီရော်နယ်ဒို စဉ်းစားခဲ့

တူရင်၊ သြဂုတ် ၎
ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ကိုရိုနာကပ်ရောဂါမတိုင်မီတွင် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ရန်စဉ်းစားခဲ့ကြောင်း France Football က ဖော်ပြခဲ့သည်။ 
စီရော်နယ်ဒိုစည် ၂၀၁၈ တွင်ရီးရဲလ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းနှင့်အတူ စကူဒက်တိုဆုဖလားကို ၂ ကြိမ်ဆက် ပိုင်ဆိုင်ခဲ့ပြီးဖြစ်သော်လည်း ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ရန် စိတ်ယိုင်ခဲ့ဖူးသည်ဟု ပြင်သစ်မီဒီယာများက ပြန်လည်ဖော်ပြလိုက်သည်။ 
စီရော်နယ်ဒိုသည် နေမာနှင့်ဆက်ဆံရေးကောင်းရှိသူဖြစ်ပြီး ပြင်သစ်နှင့်အတူ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည့် အမ်ဘာပီကိုလည်း သဘောကျသူဖြစ်သောကြောင့် ၎င်းတို့နှင့်အတူ တွဲဖက်ကစားရန် အိပ်မက်မက်ခဲ့ခြင်းဖြစ်သည်။ 
စီရော်နယ်ဒိုသည် ပဲရစ်မြို့တွင် ပေါ်တူဂီအသင်းနှင့်အတူ ယူရိုချန်ပီယံဆု ပိုင်ဆိုင်ခဲ့ဖူးခြင်းကြောင့် ၎င်း၏နှလုံးသားတွင် အောင်မြေတစ်ခုအဖြစ်ရှိနေခဲ့သည်။ 
ပြီးခဲ့သည့်နှစ်အတွင်း ဂျူဗင်တပ်က လိုကိုမိုးတစ်မော်စကိုအား ၂-၁ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်အပြီးတွင် စီရော်နယ်ဒိုသည် စိတ်ပျက်မှုကို စတင်ပြသခဲ့ခြင်းဖြစ်သည်။ 
၎င်းအနေနှင့်ပီအက်စ်ဂျီသို့ပြောင်းရွှေ့ရန်ရှိခဲ့သော်လည်း ကိုရိုနာကူးစက်ရောဂါက ဖြစ်နိုင်ခြေရှိသည့်အခွင့်အလမ်းများကို ဖျက်စီးပစ်ခဲ့သည်။ 
ဥရောပထိပ်တန်းကလပ်များစီးပွားရေးပျက်ကပ်ဆိုက်ခဲ့ခြင်းကြောင့် ပီအက်စ်ဂျီအသင်းဘက်မှလည်း စီရော်နယ်ဒိုကို ခေါ်ယူရန် ဖြစ်နိုင်ခြေအလွန်နည်းပါးသွားခဲ့သည်။
ငြိမ်းပြည့်

Source : The Voice