fbpx

ကိုဗစ်-၁၉ ကူးစက်မှု တိုးမြင့်လာသဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် စစ်ဆေးမှုအရှိန်မြှင့်

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ အသစ်တဖန် တိုးလာတာမို့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေမှာ ထိုင်းအာဏာပိုင်တွေက လုံခြုံရေးနဲ့ ကိုဗစ်-၁၉ စစ်ဆေးမှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။  

စက်တင်ဘာ ၁၁ ရက်က တက်ခ်ခရိုင်အနောက်ပိုင်းမှာ ဒါဇင်နဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ  တို့ဖတ်စစ်ဆေးမှု ခံယူနေပုံကို ဒေသရုပ်သံမီဒီယာက ထုတ်လွှင့်ခဲ့ပါတယ်။  

ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ထိုင်းအာဏာပိုင်တွေဟာ နယ်စပ်နေထိုင်သူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို  မဖြစ်မနေ ကိုဗစ်-၁၉  စစ်ဆေးမှုတွေ လုပ်ခဲ့တာပါ။  

ဒါ့အပြင်  တရားမဝင်   ဝင်ရောက်တာကို တားဆီးဖို့ ထိုင်းနယ်စပ်လုံခြုံရေး အာဏာ ပိုင်တွေက  မြန်မာနိုင်ငံနဲ့ ထိစပ်တဲ့ ခရိုင် ၇ ခုမှာ ကုန်းလမ်းကနေ  နယ်စပ်ဖြတ်ကူးတာနဲ့  စစ်ဆေး ရေးဂိတ်တွေကို ပိတ်ခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃,၄၀၀ ကျော်ရှိပြီး သေဆုံးသူ  ၅၈ ယောက် ရှိပါတယ်။ 

 ထိုင်းနိုင်ငံဟာ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အနည်းဆုံးနိုင်ငံတွေထဲပါဝင်ပြီး အခု အခါ  ပြည်တွင်းကန့်သတ်ချက်တွေကို ဖြေလျှော့ပေးထားတယ်လို့ ရိုက်တာသတင်းအရ သိရပါ တယ်။ 

 

Source : DVB