fbpx

ဘယ်လ်ဂျီယံနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း ထောင်ချီ ဆန္ဒပြ

ကျန်းမာရေး စောင့်ရှောက်မှုစနစ်နဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ကပ်ဘေးအတွင်း ကူးစက်မှု ဟန့်တားရေးတို့အတွက် ရန်ပုံငွေ မလုံလောက်တာကြောင့် ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မှာ စက်တင်ဘာ ၁၃ ရက်က ကျန်းမာရေးဝန်ထမ်း ထောင်ချီ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 

ပြည်လုံးကျွတ် ရွေးကောက်ပွဲအပြီး တနှစ်ကျော် ကြာတဲ့အထိ ဘယ်လ်ဂျီယံနိုင်ငံရေး ပါတီတွေဟာ အစိုးရတရပ်ကို ဖွဲ့နိုင်ဖို့ ခုထိ ကြိုးစားနေရဆဲပါ။

ပါးစပ်နှာခေါင်းစည်းတွေ ဝတ်ထားတဲ့ လုပ်သားတွေက ကျန်းမာရေး စောင့်ရှောက်သူတွေကို ဂရုစိုက်ပါ စတဲ့ စာသားတွေ ပါတဲ့ပိုစတာတွေကို ကိုင်ဆောင်ထားခဲ့ကြပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေနဲ့ ဝန်ထမ်းတွေအတွက် လုပ်ခလစာ တိုးပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို လူအယောက် လေးထောင်လောက် တက်ခဲ့တယ်လို့ ဒေသန္တရ ရဲတပ်ဖွဲ့က ပြောပါတယ်။

သူနာပြုတွေဟာ ၁၉၉၄ ခုနှစ်တည်းက စပြီး ခုထိ လစာမတိုးကြဘူးလို့ ဆန္ဒပြသူ တယောက်က ပြောပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံဟာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၃၄၀၀ ကျော်နဲ့ သေဆုံးသူ ၉၉၂၅ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၈၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Source : DVB