fbpx

နီပေါနိုင်ငံတွင် မြေပြိုမှုကြောင့် ၁၂ ဦးသေဆုံး၊ ၂၁ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ စက်တင်ဘာ ၁၃ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုတဲ့အတွက် လူ ၁၂ သေဆုံးပြီး ၂၁ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ အစိုးရ အရာရှိတယောက်က ပြောပါတယ်။ 

မြို့တော် ခတ္တမန္ဒူ အရှေ့ဘက်က စင်ဒူပါချုပ်ခ် ခရိုင်မှာ အကြီးအကျယ် မြေပြိုအပြီး လူ ၁၀ ယောက်ဆုံးပြီး ၂၁ ယောက် ပျောက်ဆုံးပါတယ်။

အဲဒီနေရာဟာ တိဘက်ဒေသနဲ့ နယ်စပ်နားမှာ ရှိတယ်လို့ နိပေါအစိုးရ အရာရှိ မူရာရီ ဝါစတီက ပြောပါတယ်။

နောက် ၂ ယောက်ကတော့ နိုင်ငံ အနောက်မြောက်ပိုင်း ဘာဂလန်ဒေသက မြေပြိုမှုမှာ သေဆုံးခဲ့တာပါ။

ဒါကြောင့် ဇွန်လကနေ စက်တင်ဘာလအထိ မိုးရာသီအတွင်း မြေပြိုတာနဲ့ ရုတ်တရက် ရေကြီးတာကြောင့် သေဆုံးသူ ဦးရေဟာ ၃၁၄ ယောက် ဖြစ်လာပါတယ်။ 

လူ ၁၁၁ ယောက်ထက် မနည်းပျောက်ဆုံးနေဆဲဖြစ်ပြီး လူအယောက် ၁၆၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဝါစတီက ပြောပါတယ်။ တောင်ထူထပ်တဲ့ နီပေါနိုင်ငံမှာ နှစ်စဉ် မုတ်သုန်ရာသီ အတွင်း မြေပြိုမှုတွေ ဖြစ်နေကြပါ။ 

Source : DVB