fbpx

ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အမေရိကန်ဒေါ်လာနှစ်သန်းတန်စီမံကိန်း အကောင်အထည်ဖော်မည်

မန္တလေး၊ စက်တင်ဘာ ၁၃
မြန်မာနိုင်ငံတွင် ငါးမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် အမေရိကန် ဒေါ်လာနှစ်သန်း တန်ကြေးရှိမည့် PAP  (Powering Aquaculture Progress) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း De Heus Myanmar ကုမ္ပဏီလီမိတက်ထံမှ သိရသည်။ 
ပိုမိုထိရောက်သောထုတ်လုပ်မှုနည်း စနစ်များ၊ အရည်အသွေးမြင့်ထုတ်ကုန်များ၊ ငါးမွေးတောင်သူများနှင့် ငါးမွေးမြူရေး အလုပ်သမားများအတွက် အကျိုးအမြတ် ပိုမိုရရှိစေရန်နှင့် မြန်မာနိုင်ငံ၏ငါးမွေး မြူရေးကဏ္ဍ ရေရှည်တိုးတက်ဖွံ့ဖြိုးစေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း De Heus Myanmar ကုမ္ပဏီလီမိတက်မှ ဦးအေးမောင်ဇံက ပြောကြားသည်။ 
ယင်းစီမံကိန်းတွင် ငါးမွေးတောင်သူများကို ‌ခေတ်မီအစာကျွေးစနစ်များ၊  မွေးမြူရေးစနစ်များကို သင်ကြားပေးခြင်း၊ ငါးမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန် ငါးသားဖောက်သည့်တောင်သူများနှင့် ပူးပေါင်း၍ ခေတ်မီငါးသားဖောက်စခန်းများ တည်ဆောက်ခြင်းများ ပါဝင်မည်ဖြစ် ကြောင်း၊ တောင်သူများကို သင်တန်းပေး နိုင်ရန်အတွက် ကနဦးအနေဖြင့် သင်တန်း ဆရာ ၁၀ ဦးကိုရွေးချယ်၍ သင်တန်းပေးခြင်းများကို အောက်တိုဘာလအတွင်း စတင်ပြုလုပ်မည်ဖြစ်ကြောင်း De Heus Myanmar ကုမ္ပဏီလီမိတက်ထံမှ ထပ်မံ သိရသည်။ 
အဆိုပါစီမံကိန်းကို နယ်သာလန် အစိုးရ၊ De Heus Myanmar ကုမ္ပဏီ လီမိတက်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးမွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ်၊ Pathein University  နှင့် Golden Fish World တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ 
လေးနှစ်တာကြာမြင့်မည့် ယင်းစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စက်တင်ဘာလဆန်းက လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။
ရတီ

Source : The Voice