fbpx

အိန္ဒိယတွင် တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၉၄၃၇၂ ဦးနှင့် သေဆုံးသူ ၁၁၁၄ ဦးရှိ

အိန္ဒိယနိုင်ငံတလွှား စက်တင်ဘာ ၁၃ ရက် တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာ ၉၄၃၇၂  ယောက်နဲ့ သေဆုံးသူ ၁၁၁၄ ယောက်ရှိတယ်လို့ သိရပါတယ်။

စီးပွားရေး လုပ်ငန်းတွေ တဖြည်းဖြည်း ပြန်ဖွင့်လာတာနဲ့အမျှ ပြည်နယ် အတော်များများမှာ ကူးစက်ခံအရေအတွက် ပိုတိုးလာနေပါတယ်။

မြို့တော်နယူးဒေလီနဲ့ နိုင်ငံအလယ်ပိုင်း စစ်တကောင်း ပြည်နယ်အပါအဝင် ပြည်နယ် အတော်များများမှာ ကူးစက်မှု တိုးနေချိန်မှာ အချမ်းသာဆုံး ပြည်နယ်ဖြစ်တဲ့ မဟာရတ်ရှ်ထျာ မှာတော့ အသစ်ကူးစက်ခံ အများဆုံး ဖြစ်နေပါတယ်။

လူဦးရေ သန်း ၁၃၀ ရှိတဲ့ မဟာရတ်ရှ်ထျာ ပြည်နယ်မှာ ကူးစက်ခံ အရေအတွက် တိုးနေလို့ မကြာခင် ရက်တွေအတွင်း အိန္ဒိယမှာ ကူးစက်ခံလူဦးရေ ငါးသန်းပြည့်တောမယ့် အလားအလာ ရှိနေတယ်။

အိန္ဒိယနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဒသမ ၈၄ သန်းကျော်၊ သေဆုံးသူ ၇၉၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃ ဒသမ ၇၇ သန်းရှိကာ ကမ္ဘာမှာ အမေရိကန်ပြီးပါက ကိုဗစ်-၁၉ လူနာ ဒုတိယအများဆုံးဖြစ်ပါတယ်။

Source : DVB