fbpx

သန်လျင်တံတားပေါ်မှ အမျိုးသား ၁ ဦးခုန်ချ

ရန်ကုန်တိုင်း၊ သံလျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက် သန်လျင်တံတား အမှတ် ၁၊ တိုင်အမှတ် ၄ နဲ့ ၅ အကြားမှာ စက်တင်ဘာ ၁၃ ရက်က  အမျိုးသားတစ်ဦး မြစ်ထဲသို့ ခုန်ချသွားတယ်လို့  မီးသတ်တပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ခုန်ချသွားသူကို ရှာဖွေဖို့ သန်လျင်ခရိုင်မီးသတ်တပ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးယာဉ်   တစ်စီး ၊ လူနာတင်ယာဉ်  တစ်စီး ၊  အထောက်အကူပြုယာဉ် တစ်စီး  ၊ အသက်ကယ်ရေယာဉ် တစ်စီးတို့နဲ့  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ- Fire Service


Source : DVB