fbpx

၁၁ လအတွင်း ကန်ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံကျော်ဖိုး ကုန်သွယ်မှုပြုလုပ်နိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၄
ပြည်ပ ကုန်သွယ်မှုပမာဏသည် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံကျော်ဖိုး ကုန်သွယ်မှု ပြု လုပ်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။ 
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တို ဘာလမှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၈  ရက်နေ့အထိ ပို့ကုန်တန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ ၁၅ ဒသမ ၉ ဘီလီလံ ကျော်ရှိပြီး သွင်းကုန်တန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံကျော် ရှိကြောင်း သိရသည်။ 
ထို့အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပကုန်သွယ်မှုပမာဏ သည် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်  အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်  တိုးလာခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလတွင် အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၉ ဘီလီယံကျော်ရှိ ခဲ့ကြောင်း ယင်းစာရင်းများအရ သိရသည်။
 
မြန်မာနိုင်ငံမှတင်ပို့သည့် အဓိက ပို့ကုန်များထဲတွင် လယ်ယာထွက်ကုန် ပစ္စည်း၊ တိရစ်ဆာန်ထွက်ပစ္စည်း၊ ရေထွက် ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တော ထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့်  သွင်းကုန်များမှာ လုပ်ငန်းသုံးကုန်ပစ္စည်း၊  ဆောက်လုပ်ရေး၊ ဆေးဝါးနှင့် လူသုံးကုန် ပစ္စည်းများပါဝင်ကြောင်း သိရသည်။ 
ကုန်သွယ်မှုပမာဏ ၈၀ ရာခိုင်နှုန်း ဝန်းကျင်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုမှတစ်ဆင့် ပြုလုပ်နေပြီး နယ်စပ်ကုန်သွယ်မှုကို အိမ်နီးချင်းနိုင်ငံများနှင့်  နယ်စပ်ဂိတ် ၁၇ ခုမှတစ်ဆင့် ပြုလုပ်လျက် ရှိကြောင်း သိရသည်။
S-07

Source : The Voice