fbpx

ဘယ်လာရုစ်ကို ရုရှားက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ချေးငွေပေး

ဘယ်လာရုစ်ကို  ချေးငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ပေးအပ်ဖို့ သဘောတူခဲ့ပေမယ့် ဘယ်လာရုစ်ပြည်သူတွေဟာ ပြဿနာကို နိုင်ငံခြားအနှောင့်အယှက်ကင်းကင်းနဲ့ ဖြေရှင်းသင့်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။

ရုရှားနိုင်ငံ အပန်းဖြေစခန်းမြို့ ဆိုချီကို ဘယ်လာရုစ်သမ္မတ လူကာရှန်ကို လာရောက်ပြီး သမ္မတ ပူတင်နဲ့ တွေ့ဆုံချိန်မှာ ပူတင်က ပြောခဲ့တာပါ။ ဒါ့အပြင် ကာကွယ်ရေးနယ်ပယ်မှာ နှစ်နိုင်ငံ ဆက်ပူးပေါင်းဆောင်ရွက်ရမယ်လို့ ပူတင်က ပြောပါတယ်။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကလည်း သမ္မတပူတင်နဲ့ ရွေးကောက်ပွဲနှောင်းပိုင်းမှာ သူ့ကို ထောက်ခံသူအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

လူကာရှန်ကိုက ဘယ်လာရုစ်အနေနဲ့  ရုရှားနဲ့နီးနီးကပ်ကပ် ဆက်ဆံဖို့နဲ့ စီးပွားရေးအပါအဝင် အရေးကိစ္စအားလုံးမှာ  ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ရုရှားသမ္မတ ပူတင်ကလည်း လူကာရှန်ကိုရဲ့  ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်ဟာ ကျိုးကြောင်းဆီလျော်ပြီး အချိန်အခါနဲ့ ကိုက်ညီတယ်လို့ ပြောဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

Source : DVB