fbpx

၁၁ လအတွင်း ကန်ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံကျော်ဖိုး ကုန်သွယ်မှုပြုလုပ်နိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၄
ပြည်ပကုန်သွယ်မှုပမာဏသည် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံကျော်ဖိုး ကုန်သွယ်မှုပြုလုပ်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။ 
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့အထိ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉ ဘီလီလံကျော်ရှိပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံကျော်ရှိကြောင်း သိရသည်။ 
ထို့အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် တိုးလာခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၉ ဘီလီယံကျော်ရှိခဲ့ကြောင်း ယင်းစာရင်းများအရ သိရသည်။ 
မြန်မာနိုင်ငံမှတင်ပို့သည့် အဓိကပို့ကုန်များထဲတွင် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ်ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် သွင်းကုန်များမှာ လုပ်ငန်းသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေး၊ ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းများပါဝင်ကြောင်း သိရသည်။ 
ကုန်သွယ်မှုပမာဏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြုလုပ်နေပြီး နယ်စပ်ကုန်သွယ်မှုကို အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဂိတ် ၁၇ ခုမှတစ်ဆင့် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
S-07

Source : The Voice