fbpx

တရားမဝင် လူစုလူဝေးပြုလုပ်မှုဖြင့် ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ၂၆ ဦး တရားစွဲခံရ

တီအန်နန်မင် နှစ်ပတ်လည်အခမ်းအနား လူထုစည်းဝေးပွဲမှာပါဝင်မှုစွဲချက်တွေကို ကြားနာဖို့အတွက် စက်တင်ဘာ ၁၅ ရက်က ဟောင်ကောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ နှစ်ဒါဇင်လောက် တရားရုံးကို လာရောက်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က သူတို့ဟာ တီအန်နန်မင်  နှစ်ပတ်လည် အခမ်းအနားမှာ ပါဝင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကြောင့် အဲဒီအခမ်းအနားကို ပထမဆုံးအကြိမ် တရားဝင် တားမြစ်ပိတ်ပင်ခဲ့တာပါ။

ဒါပေမဲ့လည်း အဲဒီနေ့က ဟောင်ကောင်တဝန်းမှာ သောင်းနဲ့ချီတဲ့လူတွေက ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပခဲ့ပါတယ်။ 

အခမ်းအနားကို  စီစဉ်ခဲ့သူ  လီချွတ်ယန်က “တီအန်နန်မင် လူအစုလိုက် သတ်ဖြတ်မှုကြီးက ရာဇဝတ်မှု မဟုတ်ဘူး ဆိုတာကို ကျနော်တို့ ပြစ်တင်ရှုတ်ချပါတယ်”လို့  ပြောပါတယ်။

တရားမဝင် လူစုလူဝေးပြုမှုနဲ့ တရားစွဲဆိုခံရသူ ၂၆ ယောက်မှာ ဂျိုရှုဝါဝေါင်၊ မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်နဲ့ ဟောင်ကောင်ကနေ ထွက်ခွာသွားခဲ့တဲ့ နေသန်လောတို့ ပါဝင်တယ်လို့  ရိုက်တာက ဖော်ပြထားပါတယ်။

Source : DVB