fbpx

အက်စတွန်ဗီလာ၏ ရည်မှန်းချက်ကို ဖြည့်ဆည်းသွားချင်ဟု အသင်းခေါင်းဆောင်ဂရီးလစ်ခ်ျ ပြော

အသင်းပိုင်ရှင်ရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပြီး အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်သွားချင်တယ်လို့ အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ခ်ျက ပြောပါတယ်။ 

အင်္ဂလန်လက်ရွေးစင် ဂရီးလစ်ခ်ျဟာ မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်း ထွက်ခဲ့ပေမယ့် အင်္ဂါနေ့က အသင်းနဲ့ ၅ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

တစ်ပတ်လုပ်ခ ပေါင် ၅၅,၀၀၀ ကနေ ပေါင် ၁၃၅,၀၀၀ အထိ နှစ်ဆကျော် တိုးမြင့်ရရှိမှာလည်း ဖြစ်ပါတယ်။

အသင်းပိုင်ရှင်မှာ ဗီလာအသင်းကို ဘယ်လို တည်ဆောက်သွားမလဲဆိုတဲ့ ရည်မှန်းချက်ရှိပြီး စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေလည်း ရှိလာတော့မှာဖြစ်လို့ ပျော်ရွှင်ကျေနပ်မိတယ်လို့ စာချုပ် ချုပ်ဆိုအပြီးမှာ ဂရီးလစ်ခ်ျက ပြောပါတယ်။ 

ဗီလာအသင်းဟာ ချန်ပီယံရှစ်မှာ ခြေစွမ်းပြခဲ့တဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုလီ ဝက်ကင်စ်ကိုလည်း စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၃၃ သန်းနဲ့ ခေါ်ယူပေးထားပါတယ်။

Source : DVB