fbpx

မက်ဆီနှင့် တွဲဖက်ကစားရမည့်အပေါ် ပျော်ရွှင်မိဟု ကစားသမားသစ် ပီယာနစ်ပြော

မက်ဆီနဲ့ တွဲဖက်ကစားရမယ့်အပေါ်မှာ ကျေနပ်ပျော်ရွှင်မိတယ်လို့ ဘာစီလိုနာ ကစားသမားသစ် ပီယာနစ်က ပြောပါတယ်။

ဘော့စနီးယား ကွင်းလယ်လူ ပီယာနစ်ဟာ ဂျူဗင်တပ်စ်အသင်းကနေ ယူရို ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဗီဒယ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၈ ဂျာစီကို ဝတ်ဆင်သွားမှာဖြစ်ပြီး မက်ဆီနဲ့ တွဲဖက် ကစားရမယ့်အပေါ်မှာ ကျေနပ်ပျော်ရွှင်မိတယ်လို့ ပီယာနစ်က ပြောပါတယ်။

မက်ဆီဟာ အစောပိုင်းကာလက အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ အသင်းမှာ ဆက်ရှိခဲ့တာပါ။ 

မက်ဆီကို တခြားအသင်းဂျာစီနဲ့ မြင်ယောင်လို့ မရကြောင်းနဲ့ အဆုံးသတ်မှာ ဘာစီလိုနာမှာပဲ ဆက်ရှိမယ်ဆိုတာ ကြိုသိထားကြောင်းလည်း ပီယာနစ်က ပြောပါတယ်။ 

အသက် ၆ နှစ်အရွယ်ကတည်းက ဘာစီလိုနာကို ရောက်ဖို့ရှိခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ အသက် ၃၀ ရောက်မှသာ အမှန်တကယ် ရောက်ရှိလာခဲ့တယ်လို့လည်း ပီယာနစ်က ပြောပါတယ်။ 

ပီယာနစ်ဟာ လိုင်ယွန်နဲ့ ရိုးမားအသင်းတွေမှာ ကစားခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်ကနေ ပြီးခဲ့တဲ့ရာသီအထိ ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့တာ ဖြစ်ပါတယ်။

Source : DVB