fbpx

အိန္ဒိယနယ်စပ်၌ ဖိုင်ဘာအော့ပ်တစ်ကြိုးများ ချထားခြင်းမရှိဟု တရုတ် ငြင်းဆို

တရုတ်စစ်တပ်တွေဟာ အိန္ဒိယနဲ့ နယ်စပ်မှာ ဖိုင်ဘာအော့ပ်တစ် ကေဘယ်ကြိုးတွေ လာချနေတယ်ဆိုတဲ့ အစီရင်ခံစာတွေကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။

တရုတ်နဲ့ အိန္ဒိယဟာ သံတမန်ရော စစ်ဘက်ပါ နည်းလမ်းတွေနဲ့ ဆက်ဆံရေးရှိနေဆဲပဲလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝန်ဘင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပေါက်ကွဲလုနီးပါးအခြေအနေ တင်းမာနေတဲ့ ဟိမဝန္တာအနောက်ပိုင်းဒေသအရေး ဖြေရှင်းဖို့ အဆင့်မြင့် ဆွေးနွေးနေကြပေမယ့် တရုတ်စစ်တပ်တွေဟာ မြေတူးပြီး optical fiber cables ကွန်ရက်တွေကို ချထားနေတယ်လို့ အိန္ဒိယ အရာရှိ ၂ ယောက်က ပြောပါတယ်။

လာဒက်ဒေသ ပန်ဂွန်ဆိုကန်ရဲ့ တောင်ခြမ်းက ကီလိုမီတာ ၇၀ ရှည်တဲ့ ရှေ့တန်းတလျှောက် လူထောင်ချီတဲ့ တရုတ်နဲ့ အိန္ဒိယ စစ်တပ်တွေဟာ တင့်ကားတွေ၊ လေယာဉ်တွေနဲ့အတူ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတာပါ။

အခြေအနေတင်းမာရတဲ့ အကြောင်းရင်းကို နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။ 

တရုတ်နဲ့ အိန္ဒိယကြားနယ်စပ် အငြင်းပွားမှုကို မဖြေရှင်းရသေးဘူး၊ ဘယ်လိုအခြေအနေမှာမဆို အိန္ဒိယက ကိုင်တွယ်ဖြေရှင်းဖို့ အဆင်သင့်ပဲလို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၁၅ ရက်က အိန္ဒိယ အောက်လွှတ်တော်မှာ ပြောပါတယ်။

Source : DVB