fbpx

ဗလန်စီယာ ကွင်းလယ်လူ အူရို့စ်ရာဆစ်ကို ခေါ်ယူရန် မန်ယူနိုက်တက် ပြင်ဆင် 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗလန်စီယာအသင်းရဲ့ ကွင်းလယ်လူ ယူရို့စ်ရာဆစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့  The Sun သတင်းမှာ ဖော်ပြပါတယ်။

ယူနိုက်တက်အသင်းဟာ ကွင်းလယ်အင်အားကို ဖြည့်တင်းဖို့ ပြင်ဆင်နေပြီး အခု အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာလည်း အေဂျက်ဇ် ကွင်းလယ်လူ ဘန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ အယ်လ်ကန်တာရာဟာလည်း အသင်းရဲ့ ပစ်မှတ်မှာ ရှိနေဆဲ ဖြစ်ပေမယ့် မန်ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဗလန်စီယာ ကွင်းလယ်လူ ရာဆစ်ကို မျက်စိကျလာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၂ နှစ်အရွယ် ရာဆစ်ဟာ ဗလန်စီယာအသင်းအတွက် ၂ ပွဲသာ ကစားခွင့်ရထားသူ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရာသီမှာ အငှားထွက်ကစားခဲ့ရပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းအရ ရာဆစ်နဲ့ ဗလန်စီယာအသင်းတို့ဟာ ပေါင် ၉၂ သန်းတန် စာချုပ်ဖျက်သိမ်းကြေး ရှိနေတယ်လို့ သိရပေမယ့် ပေါင် ၂၈ သန်းလောက်နဲ့ ကမ်းလှမ်းမယ်ဆိုရင် ဗလန်စီယာဘက်က ရောင်းထုတ်သွားနိုင်တယ်လို့ ယူဆရပါတယ်။

ဆားဘီးယား ကစားသမား ရာဆစ်ဟာ အရပ် ၆ ပေနဲ့ ၄ လက်မ ရှိတာကြောင့် ကွင်းလယ်မှာ မာမာထန်ထန်ကစားနိုင်သူ ဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဘက်က သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပြီး ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် ပွဲထွက်ခွင့်အတွက် လက်ရှိ ကွင်းလယ်လူ မာတစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source : DVB