ကိုဗစ်-၁၉ ရောဂါအား ဦးစွာတိုက်ထုတ်ရန် ဆန္ဒပြသူများကို ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက  ကိုဗစ်-၁၉ ကို အရင်ဆုံးတိုက်ထုတ်ကြဖို့ စက်တင်ဘာ ၁၇ ရက်မှာ  သတိပေးလိုက်ပါတယ်။

  ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေဟာ နှစ်လတိုင်တိုင် နေ့စဉ်ရက်ဆက်ဆိုသလို ဝန်ကြီးချုပ် ပရာယွတ်ကို ဖြုတ်ချရေးနဲ့  ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး တောင်းဆိုဆန္ဒပြနေတာပါ။

နိုင်ငံကို ပြောကြားတဲ့ ရုပ်သံမိန့်ခွန်းမှာ ဝန်ကြီးချုပ် ပရာယွတ်က သူ့အနေနဲ့ဆန္ဒပြသူတွေရဲ့ မကျေနပ်ချက်တွေကို နားလည်ပေမယ့်  လောလောဆယ် ကိုဗစ်-၁၉ ကို အရင်တိုက်ထုတ်ဖို့ ဆန္ဒပြ သူတွေကို တိုက်တွန်းလိုက်တာပါ။  

ထိုင်းနိုင်ငံမှာ  ရက်ပေါင်း  ၁၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ မတွေ့ဖြစ်ရာကနေ  စက်တင်ဘာ ၃ ရက်မှာတော့ ဘန်ကောက်အကျဉ်းထောင်က အကျဉ်းသားတဦးမှာ ဗိုင်းရပ်စ် တွေ့ရှိခဲ့ပါတယ်။  

အဲဒီနောက်မှာတော့ ပြည်တွင်းကူးစက်တာတွေ တဖန်ပြန်ခေါင်းထောင်လာခဲ့ပါတယ်။

 စက်တင်ဘာ ၁၈ ရက် Worldometer ဝက်ဘ်ဆိုက်ဖော်ပြချက်အရ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃, ၄၉၇  ယောက်နဲ့ သေဆုံးသူ ၅၈ ယောက် ရှိပါတယ်။ 

Source : DVB