ချဲလ်ဆီးကနေ ထွက်ခွာမည့်နောက်ခံလူ ရူဒီဂါကို ပီအက်စ်ဂျီအသင်းခေါ်ယူလို

ချဲလ်ဆီးအသင်းဟာ နောက်ခံလူ ရူဒီဂါကို ရောင်းချဖို့ စီစဉ်ထားပြီး ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ 

ဂျာမနီလက်ရွေးစင် နောက်ခံလူရူဒီဂါဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးခံစစ်ကို ဦးဆောင်ခဲ့ပေမဲ့ အခုနှစ်ရာသီမှာတော့ အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၂ ပွဲဆက်တိုက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရ ပါတယ်။ 

လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြင် ဘန်စလေနဲ့ပွဲမှာလည်း လူစာရင်းကနေ ချန်လှပ်ခံ ခဲ့ရတဲ့ ရူဒီဂါကို နည်းပြ လမ်းပတ်က ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဗဟိုနောက်ခံလူ ရူဒီဂါကို ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုနေပြီး ချဲလ်ဆီးကို ရောင်းချခဲ့တဲ့ သီယာဂိုဆေးလ်ဗားရဲ့ နေရာအတွက် အစားထိုးလိုတာ ဖြစ်ပါတယ်။ 

ရူဒီဂါဟာ ချဲလ်ဆီးနဲ့  ၂ နှစ်သက်တမ်းကျန်ရှိသေးတာပါ။ 

၂၀၂၂ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရဖို့ ရှိတာကြောင့် အခုနှစ်ရာသီမှာ ရောင်းချသွားဖို့  ချဲလ်ဆီးက ပြင်ဆင်ထားပါတယ်။ 

Source : DVB