Johnson & Johnson ကုမ္ပဏီ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်မှု ယာယီရပ်ဆိုင်း

Johnson & Johnson ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ခံသူတစ်ဦးဟာ အကြောင်းမဲ့ နာမကျန်းဖြစ်ခဲ့ပြီးတဲ့နောက် ကာကွယ်ဆေး စမ်းသပ်မှုကို ယာယီရပ်ဆိုင်းခဲ့တယ်လို့ ကုမ္ပဏီက အောက်တိုဘာ ၁၂ ရက်မှာ ကြေညာပါတယ်။

သူ့ရဲ့ နာမကျန်းမှုကို သီးခြားစောင့်ကြည့်ရေးဘုတ်အဖွဲ့နဲ့ ကုမ္ပဏီရဲ့ ဘေးကင်းလုံခြုံရေး သမားတော်တွေက သုံးသပ်အကဲဖြတ်နေတယ်လို့လည်း ကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။ 

စမ်းသပ်ခံသူပေါင်း သောင်းချီပါဝင်တဲ့ စမ်းသပ်မှုကြီးတွေမှာ ယာယီရပ်ဆိုင်းတာမျိုးက ပုံမှန်ပဲလို့လည်း J&J ကုမ္ပဏီက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလကလည်း အက်စထရာဇန်နက်ကာကုမ္ပဏီက ကာကွယ်ဆေး စမ်းသပ်ခံသူတစ်ယောက်ဟာလည်း အကြောင်းမဲ့ နာမကျန်းဖြစ်ခဲ့ပြီးနောက် စမ်းသပ်မှုကို ခေတ္တရပ်ဆိုင်းခဲ့တယ်လို့ ရိုက်တာက ဖော်ပြဖူးပါတယ်။

Source : DVB