မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အား အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ပြီးနောက် ဖုန်းဖြင့်ခြိမ်းခြောက် ပြောဆိုသူကို အမှုဖွင့်အရေးယူ

အသက်မပြည့်သည့် အမျိုးသမီးငယ်အား အလိုမတူဘဲ သားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်ပြီးနောက် ဖုန်းဖြင့်ခြိမ်းခြောက်ပြောဆိုသူအား နိုဝင်ဘာ ၁၄ ရက်က  အမှုဖွင့် အရေးယူထားကြောင်း မော်လမြိုင်မြို့ ဇေယျာ သီရိနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့နေ ၁၆ နှစ် အရွယ် အမျိုးသမီးငယ်နှင့် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက် သဇင်လမ်းနေ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ သန်းဝေယံဟိန်း (ခ) ဝေယံတို့မှာ သမီးရည်းစားများဖြစ်ကြောင်း၊ သမီးရည်းစားဖြစ်နေစဉ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလခန့်တွင် သန်းဝေယံဟိန်းက ၎င်း၏နေအိမ်တွင် လက်ဆောင်ပစ္စည်းယူရန် ခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ်  သုံးကြိမ် ပြုကျင့်ခဲ့ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းကလည်း အမျိုးသမီးငယ်၏ နေအိမ်တွင် တစ်ယောက်တည်းရှိနေစဉ် သန်းဝေယံဟိန်း ရောက်လာပြီး အမျိုးသမီးငယ်၏ နေအိမ်အတွင်းဝင်ရောက်ကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထို့နောက် သန်းဝေယံဟိန်းနှင့် အမျိုးသမီးငယ်တို့မှာ လွန်ခဲ့သောတစ်လခန့်က သမီး ရည်စားအဖြစ်မှ ပြတ်ခဲ့ကြောင်း၊ ထိုနောက်ပိုင်းအချိန်များတွင် သန်းဝေယံဟိန်းက ဖုန်းဖြင့် ခြိမ်းခြောက်စကားပြောဆိုခြင်း၊ နှောင့် ယှက်ခြင်းများပြုလုပ်ခဲ့ကြောင်းနှင့် သန်းဝေယံဟိန်း မှ ယင်းသို့ လုပ်ဆောင်နေသည့်အတွက် အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက လာရောက်အမှုဖွင့်တိုင်တန်းသည့်အတွက် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း မော်လ မြိုင်မြို့ ဇေယျာသီရိနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲဝင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

“သူတို့ဖြစ်တာက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ စဖြစ်ကြတယ်။ လွန်ခဲ့တဲ့တစ်လ လောက်က ပြတ်သွားတယ်။ ပြတ်သွားတဲ့အခါ ကျမှ ကောင်မလေးကို ကောင်လေးက ဖုန်းဆက်ပြီးတော့ ခြိမ်းခြောက်ပြောဆိုတယ်ပေါ့ နော်။ လူငယ်သဘာဝအရ ဖြစ်ပျက်ခဲ့တာတွေ၊ ပြောဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး ကောင်မလေးက သူ့အမေကို ပြောပြပြီးတိုင်တယ်။ မိခင်ဖြစ်သူကလည်း သိရှိပြီးတော့ စခန်းမှာ အမှုဖွင့်ပြီးတော့ တိုင်ကြားထားတာဖြစ်ပါ တယ်” ဟု ရဲအုပ် ရဲဝင်းထွန်းက ဆိုသည်။

“လက်ရှိမှာ အသက်မပြည့်ဘူး၊ ကောင် လေးရော၊ ကောင်မလေးကိုပါ ဆေးစစ်ချက် တွေလုပ်ဆောင်နေပါတယ်။ ဆေးစစ်ချက်အ ဖြေရပြီးမှ ရဲလုပ်ငန်းအတိုင်း ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပါတယ်” ဟု ရဲအုပ် ရဲဝင်းထွန်း က ဆက်လက်ပြောကြားသည်။

နစ်နာသူ အမျိုးသမီးငယ်မှာ ၁၆ နှစ် သာရှိကြောင်း၊ ကျူးလွန်သူဟုယူဆရသူ အမျိုးသားမှာလည်း ၁၈ နှစ်ခန့်ရှိကြောင်း၊ ၎င်းတို့မှာ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က သမီးရည်းစားဖြစ်ခဲ့ကြောင်း၊ ချစ်သူရည်းစားဘဝတွင် မှားယွင်းလွန်ကျူးမှုများရှိကြောင်း၊ အမျိုးသမီးငယ်၏ ပြောပြချက်အရ ပထမအကြိမ် မှား ယွင်းသည့်အချိန်တွင် ကောင်လေးက အမျိုး သမီးငယ်မသိအောင် ခိုးပြီး Video ရိုက်ထားကြောင်း၊ နောက်ပိုင်းတွင်လည်း ယင်း Video ကိုပြပြီး ခြိမ်းခြောက်အကျပ်ကိုင်မှုများလုပ်လာကြောင်း နစ်နာသူအမျိုးသမီးငယ်ဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြားသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သန်းဝေယံဟိန်းအပေါ် ဇေယျာသီရိ နယ်မြေရဲစခန်းက (ပ) ၂၇၆/၂၀၂၀၊ ပုဒ်မ ၃၆၃/၃၇၆ အရ အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

Source : Eleven Media Group