အမေရိကန်ပြည်သူ သန်း ၂၀ အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒီဇင်ဘာတွင် ရမည်

လာမယ့်ဒီဇင်ဘာမှာ အမေရိကန် ပြည်သူ သန်း ၂၀ အတွက် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ဆေး လုံလောက်အောင် ရလိမ့်မယ်လို့ အမေရိကန် ကာကွယ်ဆေးဌာန အကြီးအကဲ မွန်ဆက်ဖ်ဆလာအွီက ပြောလိုက်ပါတယ်။

နောက်ထပ်တလကို ပြည်သူ ၂၅ သန်းကနေ သန်း ၃၀ နှုန်းနဲ့ ကာကွယ်ဆေးရကြလိမ့်မယ်လို့ သူက နိုဝင်ဘာ ၁၃ ရက်  အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အမေရိကန် ပြည်သူတရပ်လုံး ဧပြီလမှာ အစောဆုံးထားပြီး ကာကွယ်ဆေးရဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံတွင်းမှာတော့ နေ့စဉ် အသစ်ကူးစက်ခံ လူဦးရေဟာ စံချိန်တင် မြင့်တက်နေပါတယ်။ ဒီသီတင်းပတ်အစောပိုင်းမှာ အမေရိကန် ဆေးဝါးထုတ်လုပ်သူ ဖိုက်ဇာနဲ့ ဘိုင်အိုအန်တက်ခ်တို့ဟာ စမ်းသပ်ဆဲ ကာကွယ်ဆေး အမှတ် 22UAy.f ဆေးက ထိရောက်မှု ၉၀ ရာခိုင်နှုန်းကျော်တာ ပြနေတယ်လို့ ကနဦး စမ်းသပ်ချက်ရလဒ်တွေကို ကိုးကားပြီး ကုမ္ပဏီက ပြောပါတယ်။ 

ဖိုက်ဇာ ကုမ္ပဏီက “လိုအပ်တဲ့ ဘေးကင်းမှု သတင်းအချက်အလက်တွေကို လာမယ့်သီတင်းပတ်မှာ အစီရင်ခံမယ်။ အဲဒီနောက် သူတို့ဟာ အရေးပေါ် အသုံးချခွင့်ရဖို့ အတွက် လျှောက်ထားဖို့ မျှော်လင့်ထားတယ်”လို့  ပြောပါတယ်။

ဗြိတိန် ဆေးဝါးထုတ်လုပ်သူ အဲ့စ်ထရာဇေနေကာဟာလည်း အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ ပူးပေါင်းပြီး နောက်ထပ် ကိုဗစ်-၁၉ ကာကွယ်ဆေးတမျိုးအတွက် နောက်ပိုင်းအဆင့် စမ်းသပ်ချက် ရလဒ်တွေကို နှစ်မကုန်ခင် အစီရင်ခံနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Source : DVB