လာလီဂါပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

အိုဆာဆူနာ – ဟွယ်ဆကာ 

လက်ရှိအနေအထားတွေအရတော့ အိုဆာဆူနာက အသာစီးရသလိုဖြစ်နေတယ်။ ဟွယ်ဆကာက နိုင်ပွဲရဖို့ ရုန်းကန်နေရပြီး နောက်ဆုံးအဝေးကွင်း (၂)ပွဲစလုံး ဂိုးပြတ်တွေနဲ့ အရေးနိမ့်ထားတယ်။ ဒါပေမဲ့ အိုဆာဆူနာကလည်း ဒဏ်ရာပြဿနာ တွေရဲ့ဒဏ်ကိုခံနေရပြီး ရလဒ်ရော ဂိုးသွင်းအားပါ ကျဆင်းလာနေတယ်။ ဒါကြောင့် ဟွယ်ဆကာတို့ အဝေးကွင်းခံစစ်ကစားပုံ ပြောင်းနိုင်ခဲ့ရင် သရေတစ်မှတ်လောက်တော့ မျှော်လင့်နိုင်မယ်ထင်တယ်။ ဟွယ်ဆကာနဲ့ ဂိုးအနည်းကို ပိုကြိုက်နေမိတယ်။

Source : Eleven Media Group