တံကောက်ကြောဒဏ်ရာကြောင့် ရီးယဲလ်အသင်း၏ ပွဲစဉ်(၃)ပွဲကို ရာမို့စ် လွဲချော်မည်

Photo: Getty Images

ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်သည် တံကောက်ကြောဒဏ်ရာကြောင့် ရီးယဲလ်အသင်း၏ ပွဲစဉ်(၃)ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ 

အသက် (၃၄)နှစ်အရွယ်ရှိ စပိန်နောက်ခံလူ ရာမို့စ်သည် အောက်တိုဘာ (၁၇)ရက်က ကစားခဲ့သည့် UEFA Nations League ပွဲစဉ် စပိန် (၆-၀) ဂျာမနီပွဲ၌ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၄၃)မိနစ်တွင် အော်ယာဇာဘယ်လ်နှင့် လူစားလဲခဲ့ရသည်။ 

ရာမို့စ်သည် အဆိုပါဒဏ်ရာကြောင့် (၁၀)ရက်မှ (၁၄)ရက်အတွင်း အနားယူရမည်ဖြစ်ရာ ဗီလာရီးယဲလ်၊ အင်တာမီလန်၊ အလာဗတ်စ်တို့နှင့် ပွဲများကို လွဲချော်ရမည်ဖြစ်သည်။ 

ရာမို့စ်သည် ယခုနှစ်အတွင်း ဒဏ်ရာပြဿနာနှင့် (၃)ကြိမ်မြောက် ရင်ဆိုင်ရခြင်းဖြစ်ပြီး ဇန်နဝါရီလတွင် ခြေချင်းဝတ်ဒဏ်ရာ၊ ပြီးခဲ့သည့်အောက်တိုဘာလတွင် ဒူးဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

ရာမို့စ်သည် ယခုရာသီတွင် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၀) ပွဲကစားထားပြီး (၃) ဂိုးသွင်းယူထားသည်။ 

Source : Eleven Media Group