ဘွန်ဒစ်လီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဘိုင်ယန်မြူးနစ် – ဝါဒါဘရီမင် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၉:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်က ဝါဒါဘရီမင်နဲ့တွေ့ဆုံမှုတွေမှာ ပြိုင်ပွဲစုံ နောက်ဆုံး(၂၂)ပွဲဆက်တိုက် အနိုင်ကစားထားတာတွေ့ရတယ်။ ဒါပေမဲ့ ဘိုင်ယန်ရဲ့ကစားသမားအများစုက နိုင်ငံတကာပွဲတွေကြောင့် ပွဲပန်းနေနိုင်တာကိုလည်း ထည့်တွက်ရမှာပါ။ ဝါဒါဘရီမင်ကတော့ ဒီရာသီမှာ ထိပ်သီးအသင်းတွေနဲ့ မဆုံ တွေ့ရသေးလို့ ခြေစွမ်းက မှန်းဆရခက်ပေမဲ့ ပြီးခဲ့တဲ့ရာသီတွေကထက်တော့ ပိုတည်ငြိမ်လာတဲ့အနေအထားရှိတယ်။ ဘိုင်ယန်နဲ့နောက်ဆုံးတွေ့ဆုံမှု (၈)ပွဲမှာလည်း ဝါဒါဘရီမင်အသင်း (၃)ဂိုးပြတ်နဲ့အထက်ရှုံးတာ (၁)ပွဲပဲရှိခဲ့ပါတယ်။ ဝါဒါဘရီမင်နဲ့ စွန့်စားချင်တယ်။

မိုချန်ဂလာဘတ် – အော့စ်ဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၉:၀၀ နာရီ)
ကြားရက်မှာကစားရမဲ့ ချန်ပီယံလိဂ်ပွဲက အရေးကြီးနေပေမဲ့ မိုချန်ဂလာဘတ်အသင်း ဘွန်ဒစ်လီဂါဘက်ကိုလည်း လွှတ်ထားမဲ့အနေအထား မရှိပါဘူး။ မိုချန် အနိုင်သေချာပါတယ်။ 

ဟော်ဖန်ဟင်မ် – စတုဂတ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၉:၀၀ နာရီ)
ဟော်ဖန်ဟင်မ်အသင်းရဲ့ကျဆင်းသွားမှုက မယုံကြည်နိုင်စရာကောင်းလောက်ပါတယ်။ အခုအိမ်ကွင်းပွဲကိုတော့ ဟော်ဖန်ဟင်မ် အနိမ့်ဆုံးသရေကစားမှာပါ။

ရှော်လ်ကေး – ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၉:၀၀ နာရီ)
ရှော်လ်ကေးအသင်း နိုင်ပွဲမရသေးပေမဲ့ သရေပွဲတွေ စိပ်လာတာတွေ့ရတယ်။ သရေပွဲများနေတဲ့ ဝုလ်ဖ်ဘတ်ကြောင့် ရှော်လ်ကေး အမှတ်ထပ်ရဦးမယ်။

အာမီးနီးယား – လေဗာကူဆင် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၉:၀၀ နာရီ)
နောက်ဆုံး(၅)ပွဲဆက် အရေးနိမ့်ထားတဲ့ အာမီးနီးယားအသင်းရဲ့အခြေအနေမှန်ကို တွေ့နေရပြီ။ လေဗာကူဆင် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။

ဖရန့်ဖတ် – လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၁၂:၀၀ နာရီ)
ဖရန့်ဖတ်အသင်း (၄)ပွဲဆက်နိုင်ပွဲပျောက်ထားလို့ အကျဘက်ရောက်နေပေမဲ့ ဘိုင်ယန်တစ်သင်းတည်းကို ရှုံးနိမ့်ခဲ့တာကိုတော့ သတိပြုရမှာပါ။ လိုက်ပ်ဇစ်က ဒီပွဲပြီးရင် PSG အသင်းနဲ့ ချန်ပီယံလိဂ်ပွဲရှိနေတာက ဖရန့်ဖတ်နဲ့ပွဲကို အာရုံအပြည့်အဝစိုက်ထားဖို့ မလွယ်လောက်ဘူး။ ဖရန့်ဖတ်အသင်း သရေမျှော်လင့်လို့ရပါတယ်။

ဟာသာဘာလင် – ဒေါ့မွန် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၂ ရက် နံနက် ၂:၀၀ နာရီ)
ဟာသာဘာလင်အသင်းက နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ နောက်ဆုံးကစားတဲ့ပွဲမှာ နိုင်ပွဲပြန်တွေ့ထားပေမဲ့ ခြေစွမ်းကတော့ မှန်းဆလို့မရသေးဘူး။ ကူညာ၊ ပီယွန်တက်ခ်၊ လူကီဘာကီယိုတို့ရှိတဲ့ တိုက်စစ်အင်အားစုက ဘာမဆိုလုပ်ပြနိုင်လောက်တဲ့အနေအထားရှိပေမဲ့ တစ်သမတ်တည်းမရှိတာက အဓိကပြဿနာဖြစ်နေတယ်။ ဒေါ့မွန်အနေနဲ့ ထိပ်ဆုံးက ဘိုင်ယန်ကို အမှတ်ပြန်လိုက်နိုင်ဖို့ ဖိဖိစီးစီးကစားဖို့တော့များ တယ်။ ဒီနှစ်သင်းတွေ့ဆုံတဲ့ပွဲတွေမှာ အကြိတ်အနယ်ရှိတတ်ပေမဲ့ ဒေါ့မွန်က (၃)ရာသီဆက်တိုက် ရှုံးပွဲမရှိခဲ့ဘူး။ ဒေါ့မွန်ပဲ နိုင်ဖို့များတယ်။

Source : Eleven Media Group