စီးရီးအေပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ခရိုတိုနီ – လာဇီယို (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၈:၃၀ နာရီ)
ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြားထဲ လာဇီယိုရလဒ်ကောင်းတွေ ပိုင်ဆိုင်နေတယ်။ နည်းပြ အင်ဇာဂီက In Game Structure တွေကောင်းမွန်ပြီး လူမစုံပေမဲ့ ရသင့်ရထိုက်တဲ့အမှတ်တွေရအောင် ယူပြနေတယ်။ ဒီပွဲမှာ အီမိုဘီလီလည်း ပြန်ပါလာနိုင်လို့ လာဇီယိုတိုက်စစ် လုပ်အားနှုန်း ပိုပြီးထက်မြက်လာပါလိမ့်မယ်။ ခရိုတိုနီက မထင်မှတ်တာတွေလုပ်ပြနိုင်ပေမဲ့ လာဇီယို ကပ်နိုင်ပါလိမ့်မယ်။ 

စပီဇီယာ – အတ္တလန်တာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၁၁:၃၀ နာရီ)
စပီဇီယာရဲ့ကစားပုံက ဟန်ချက်မညီပါဘူး။ အသင်းရဲ့စုဖွဲ့မှုအရ ခံစစ်ကိုဦးစားပေးသင့်ချိန်မှာလည်း ဦးစားမပေးတတ်တာတွေ့ရတယ်။ အတ္တလန်တာကလည်း တိုက်စစ်မုန်တိုင်း ရပ်တန့်နေပြီး ယုံကြည်ရခက်တဲ့အနေအထားဖြစ်နေတယ်။ ဒီပွဲပြီးရင် ချန်ပီယံလိဂ်အဆုံးအဖြတ်ကစားရမှာဖြစ်လို့လည်း ဂိုးပြတ်အောင်ပွဲ ပုံဖော်နိုင်ပါ့မလားလို့ သံသယဝင်ချင်စရာကောင်း တယ်။ အတ္တလန်တာ (၂)ဂိုးပြတ်၊ မပြတ်စဉ်းစားရမယ်။

ဂျူဗင်တပ်စ် – ကာဂလီယာရီ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၂ ရက် နံနက် ၂:၁၅ နာရီ)
ဒီဘားလားက ပုံမှန်ပွဲထွက်ခွင့်မရလို့ စိတ်ပျက်နေပုံပဲ။ လာဇီယိုနဲ့ပွဲတုန်းက ဒီဘားလားကစားပုံဟာ လိုအပ်ချက်တွေများပြီး ဂျူဗင်တပ်စ် ချေပဂိုးပြန်ပေးလိုက်ရတာ သူ့ရဲ့ပေါ့ဆမှုမကင်းပါဘူး။ ကာဂလီယာရီက ကစားသမားကောင်းတွေရှိပြီး  ယာအိုပတ်ဒရို၊ ဆီမြွန်နီတို့က လူမစုံသေးတဲ့ ဂျူဗင်တပ်စ်ခံစစ်ကို ဖိအားပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ အဝေးကွင်းမှာ ကာဂလီယာရီခံစစ်မတည်ငြိမ်လို့ ဂျူဗင်တပ်စ် အနိုင်သေချာပါတယ်။

Source : Eleven Media Group