COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ဆရာဝန်၊ သူနာပြု အစရှိသည့် ကျန်းမာရေးဝန်ထမ်း တစ်ထောင်ကျော် ရောဂါကူးစက်ခံရပြီး သေဆုံးသူတစ်ဦးရှိခဲ့

COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ဆရာဝန်၊ သူနာပြုအစရှိသည့် ကျန်း မာရေးဝန်ထမ်း တစ်ထောင်ကျော် ရောဂါကူး စက်ခံခဲ့ရပြီး သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုး က ပြောကြားသည်။

“မနေ့ကနဲ့ တစ်နေ့ကအထိ စာရင်းအရ ဆို တစ်ထောင်ကျော်ရှိတယ်။ အဲဒီထဲမှာ အ သက်ဆုံးရှုံးခဲ့တာကတော့ တစ်ယောက်ပဲရှိ တယ်။ စာရင်းအတိအကျကတော့ ကျွန်တော် ပြန်ကြည့်မှရမယ်။ အခုအလုပ်နည်းနည်းရှုပ် နေလို့။ အကြမ်းဖျင်းကတော့ တစ်ထောင် ကျော်ပေါ့။ ဒါက မြန်မာတစ်နိုင်ငံလုံးမှာ ကူး စက်ခံရတဲ့အရေအတွက်ပဲ ” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောကြားသည်။

သေဆုံးသူမှာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျန်းမာရေးမှူး ဦးနေလင်းဦး ဖြစ်ပြီး အောက်တိုဘာလအတွင်းက COVID-19 ကူးစက်ခံရပြီး အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ရောဂါကူးစက်ခံရသူများတွင် ဆရာဝန်၊ သူနာပြု၊ သူနာပြုအကူ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန အစရှိသည့် ကျန်းမာရေးဝန်ထမ်း များဖြစ်ပြီး ပထမလှိုင်းတွင် ကူးစက်ခံရသူ ၁၀၀ ကျော်သာရှိခဲ့သော်လည်း ဒုတိယလှိုင်း တွင် ကူးစက်ခံရသူများလာခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ထမ်း အများဆုံး ကူးစက်ခံရသည့် တိုင်းဒေသကြီးမှာ ရန်ကုန်တိုင်း ဒေသကြီးဖြစ်ပြီး ကျန်သည့်ဒေသများ၌လည်း ကူးစက်ခံရမှုရှိသော်လည်း နည်းပါးကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

ကူးစက်ခံရသည့်အခြေအနေမှာ နှစ်မျိုး ရှိပြီး လုပ်ငန်းခွင်အတွင်း ကူးစက်ခံရသည့်ဖြစ်စဉ် နည်းပါးသည်ဟု ဆိုနိုင်ကြောင်း ဒေါက် တာ သန်းနိုင်စိုးက ပြောကြားသည်။

“အမှုမဲ့ အမှတ်မဲ့နဲ့ mask ချွတ်ပြီး စကား ပြောမိတာနဲ့ ထမင်းအတူစားတဲ့အချိန်တွေ ရယ် ပြီးတော့ Duty Off တဲ့အချိန်မှာ ကူးစက် တာကို တွေ့ရတယ်။ လုပ်ငန်းခွင်ထဲမှာကူးစက် ခံရတာတော့ တော်တော့်ကိုရှားတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

ကျန်းမာရေးဝန်ထမ်းများအတွက် အကာအကွယ်ပစ္စည်းများမှာလည်း လုံလောက် ပြီး ပြတ်လပ်မှုမရှိကြောင်း၊ အခြားနိုင်ငံများ တွင် ပစ္စည်းပြတ်လပ်မှုကြောင့် လူနာအားမည်သည့်အကာအကွယ်မျှမပါဘဲ ကြည့်ရှုခဲ့ရာ ရောဂါကူးစက်ခံရသည့် ဆရာဝန်များရှိသော် လည်း မြန်မာနိုင်ငံ၌ မရှိကြောင်းဒေါက်တာ သန်းနိုင်စိုးက ပြောကြားသည်။

“ဘယ်လိုပြောရမလဲဆိုတော့ အပူကာ ပစ္စည်းမရှိဘဲနဲ့ ဘယ်သူ့ကိုမှ မကိုင်ခိုင်းဘူး။ ကိုင်တဲ့သူလည်း အပူလောင်မှာပေါ့။ ဒီလိုမျိုး မဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ပေးနေပါ တယ်။  Sergical Mask မရှိလို့ PPE မရှိလို့ ပြတ်လပ်သွားလို့ လူနာတွေကို ကြည့်လိုက်ရတာတွေ နိုင်ငံကြီးတွေမှာတောင်ဖြစ်တယ်။ ဥပမာ မြန်မာ ဆရာဝန်ကြီးတစ်ယောက် အနောက်နိုင်ငံမှာ Mask မရလို့ PPE မရှိဘဲနဲ့  လူနာသွားကြည့်မိတာ ဆုံးသွားတာရှိတယ်။ ကျွန်တော်တို့က ချမ်းသာတဲ့နိုင်ငံမဟုတ်ပေ မဲ့ အဲဒါတွေမဖြစ်အောင်လို့ အတတ်နိုင်ဆုံး လုပ်ပေးနေပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုး က ပြောကြားသည်။

ဒုတိယလှိုင်းအစတွင် ကူးစက်မှုအများ ဆုံး ဖြစ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားစဉ်က စစ်တွေဆေးရုံရှိ ဆရာဝန်၊ သူနာပြု အစရှိသည့် ကျန်းမာရေးဝန်ထမ်းများ၌ ရောဂါကူးစက်ခံရမှုများရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသ ကြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်၊ သူနာပြုအစရှိသည့် ကျန်းမာရေးဝန်ထမ်းများ ကူးစက်ခံရမှုမှာ အများဆုံးဟုဆိုနိုင်ပြီး ၂၀၀ ကျော်ကူးစက်ခံရခဲ့ရသည်ဟု ပြည်တွင်းမီဒီယာအချို့တွင် ဖော်ပြချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၂၀ ရက်အထိ COVID-19 ကူးစက်ခံရသူ ၇၆၄၁၄ ဦးအထိ ရှိလာပြီး သေဆုံးသူအရေအတွက်မှာလည်း ၁၆၉၅ ဦးအထိရှိလာပြီ ဖြစ်သည်။

Source : Eleven Media Group