COVID-19 ကူးစက်မှုမရှိရန် ပြည်သူများ နေအိမ်၌နေထိုင်ရေး ပန်ကြားချက်အရ စက်ရုံ၊ အလုပ်ရုံများ ထပ်မံပိတ်ရနိုင်ခြေ ရှိ မရှိ မေးမြန်းမှုများ ရှိလာသဖြင့် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ စက်ရုံ၊ အလုပ်ရုံများ ယာယီပိတ်ရန် ညွှန်ကြားချက် သို့မဟုတ် အမိန့်တစ်စုံတစ်ရာ မရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ထုတ်ပြန်

COVID-19 ရောဂါကူးစက်မှု မရှိစေရန် ပြည်သူများနေအိမ်၌ နေထိုင်ရေး ပန်ကြားချက်အရ စက်ရုံ၊ အလုပ်ရုံများ ထပ်မံ ပိတ်ရနိုင်ခြေရှိ မရှိ မေးမြန်းမှုများရှိလာသဖြင့် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ စက်ရုံ၊ အလုပ်ရုံများ ယာယီပိတ်ရန် ညွှန်ကြားချက် သို့မဟုတ် အမိန့်တစ်စုံတစ်ရာ မတွေ့ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) က ထုတ်ပြန်လိုက်သည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးတွင် နိုဝင်ဘာ ၂၁ ရက်မှဒီဇင်ဘာ ၅ ရက်အထိ ကာလအတွင်း ပြည်သူများ မိမိနေအိမ်တွင် တတ်နိုင်သမျှ နေထိုင်ကြရန်၊ Stay at Home သတ်မှတ်ထားခြင်း မရှိသော မြို့နယ်များမှ A အဆင့် သတ်မှတ် ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်းမရှိ သော တိုင်းဒေသကြီး/ပြည်နယ်များမှ တန် ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများအား နေ့စဉ်နံ နက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် လူဦးရေ ကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့်ပြုနိုင်ရေး  စသည့်အချက်များကို ဖော်ပြထားသဖြင့် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ စက်ရုံ၊ အလုပ်ရုံများ ယာယီထပ်မံပိတ်ရနိုင် ခြေရှိ မရှိအပေါ် မေးမြန်းစုံစမ်းမှုများရှိလာ ကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ ရက်တွင် ကျန်းမာရေး နှင့်  အားကစားဝန်ကြီးဌာနက COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ပြည်သူ များ နေအိမ်တွင်နေထိုင်ရေးပန်ကြားချက်”ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါပန်ကြားချက်တွင် “COVID-19 ရောဂါပိုမိုကူးစက်ဖြစ် ပွားမှု မရှိစေရေးအတွက် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူစုလူ ဝေးပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက် ခြင်းမပြုဘဲ ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့၏နေထိုင်ရာနေအိမ်များတွင် သာ တတ်နိုင်သမျှ နေထိုင်ကြရန် တိုက်တွန်း ပန်ကြားအပ်ပါသည်” ဟုဖော်ပြထားသည်။

သို့ဖြစ်ရာ နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားရန် ညွှန်ကြားချက် သို့မဟုတ် အမိန့် သို့မဟုတ် ပန်ကြားချက် တစ်စုံတစ်ရာဖော်ပြထားခြင်း မတွေ့ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

အထည်ချုပ်စက်ရုံများတွင် မိမိအစီအစဉ်ဖြင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ယူ၍လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခု အသုံးပြု၍ COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းများ လုံးဝမပြုလုပ်ကြရန်  မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းက အောက်တိုဘာလအတွင်း  ထုတ်ပြန်ထားသည်။

လတ်တလော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်း  လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကသာ တာဝန်ယူဆောင်ရွက် လျက်ရှိသည်။

ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံလုပ်ငန်းအား လုံးကို မိမိအစီအစဉ်ဖြင့် COVID-19 ရော ဂါပိုးရှိ မရှိစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရန် တရားဝင်ခွင့်ပြုထားခြင်းမရှိပေ။

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အသင်း ဝင်စက်ရုံများ လိုက်နာဆောင်ရွက်ရန် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ် ဌာနများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် များသို့ လမ်းညွှန်ချက် Version 4.0 နှင့် Version 4.1 တို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပြီးဖြစ်သည်။

သို့ဖြစ်၍ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် မိမိစက်ရုံတွင် မိမိအစီအစဉ်ဖြင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များယူ၍လည်းကောင်း၊ လက်ချောင်းထိပ် သွေးဖောက်၍လည်း ကောင်း၊ အခြားနည်းလမ်းတစ်ခုခုအသုံး ပြု၍လည်းကောင်း၊ COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၏ခွင့်ပြုချက် မရဘဲ လုံးဝဆောင်ရွက်ခြင်း မပြုလုပ်ကြရန် နှင့် ထိုသို့ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ဆောင် ရွက်ခြင်းကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင် ရာ တည်ဆဲဥပဒေများနှင့် တရားစွဲခံရနိုင် ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရှင်များအသင်းက အသိပေးညွှန်ကြားထားသည်။                                        

Source : Eleven Media Group