Eleven Media Group ဝန်ထမ်းမိသားစု၏ ယခုနှစ် သုံးကျောင်းမြောက် ကထိန်အလှူတော်ကို ပဏ္ဍိတာရာမ ရွှေဒါးစာသင်တိုက်တွင် ဆက်ကပ်လှူဒါန်း

Eleven Media Group ဝန်ထမ်းမိသားစု၏ ကထိန်အလှူတော်ကို ပဏ္ဍိတာရာမ ရွှေဒါးစာသင်တိုက်တွင် ဆက်ကပ်လှူဒါန်းပြီးနောက် တရားနာယူနေစဉ်

Eleven Media Group ဝန်ထမ်းမိသားစုက နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် ကထိန်အလှူတော်ကို ယခုနှစ် သုံးကျောင်းမြောက်လှူဒါန်းမှုအဖြစ် ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ပဏ္ဍိတာရာမ ရွှေဒါး ပရိယတ္တိစာသင်တိုက်တွင် နိုဝင်ဘာ ၂၁ ရက် က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၇ ရက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၁ ရက် တွင် ပဏ္ဍိတာရာမ ရွှေဒါးပရိယတ္တိစာသင်တိုက် ကထိန်အလှူပွဲအတွက် Eleven Media Group ဝန်ထမ်းမိသားစုက မတည် လှူဒါန်းငွေနှင့် လှူဖွယ်ပစ္စည်းတို့ကို ဆက် ကပ်လှူဒါန်းခဲ့ပြီး ကြွရောက်လာသည့် သံဃာတော်များနှင့် ကျောင်းတိုက်ရှိ စာသင်သား သံဃာတော်တို့အား နေ့ဆွမ်းနှင့် အချို ပွဲများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဧည့်ပရိ သတ်အချို့နှင့် ဝေယျာဝစ္စဆောင်ရွက်သူ အပေါင်းတို့ကိုလည်း ကျွေးမွေးဧည့်ခံခဲ့သည်။ COVID-19 ဖြစ်ပေါ်နေသည့်ကာလဖြစ်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဂရုစိုက်ဆင်ခြင် ပြီး ကထိန်အလှူတော်ကို အကျဉ်းချုံးလှူ ဒါန်းခဲ့ခြင်းဖြစ်သည်။

ကထိန်အလှူတော်ကို ကြွရောက်လာသည့်သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ချီးမြှင့်တော်မူပြီး ပဏ္ဍိတာရာမ ရွှေဒါးပရိယတ္တိစာသင်တိုက် ဆရာတော် ဒေါက်တာအရှင်ပဏ္ဍိတ (ဂန္ထဝါစက ပဏ္ဍိတ MA Buddhism, MA Buddha – Dhamma, PhD (ITBMU)) က ကထိန်အနု မောဒနာတရားချီးမြင့်ခဲ့ကြောင်း သိရသည်။

ဒေါက်တာအရှင်ပဏ္ဍိတ (ဂန္ထဝါစက ပဏ္ဍိတ MA Buddhism, MA Buddha – Dhamma, PhD (ITBMU)) က “Eleven Media Group ဝန်ထမ်းမိသားစုများရဲ့ ကထိန်အလှူတော်မင်္ဂလာဖြစ်ပါတယ်။ အခု လိုကာလမှာ ကထိန်လာခင်းတော့ ဦးဇင်းတို့ က အင်မတန်ဝမ်းသာပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် ဘုရားအစရှိသော သူတော်ကောင်းတွေက ကထိန်လျာသင်္ကန်း ဆက်ကပ်လှူ ဒါန်းတဲ့ ဒကာဒကာမတွေမှာလည်း ဝမ်း မြောက်ဝမ်းသာမေတ္တာထားတယ်။ သံဃာ တော်အရှင်သူမြတ်တွေမှာလည်း ဝမ်း မြောက်ဝမ်းသာ ခံစားရပါတယ်။ အထူး သဖြင့် မြတ်စွာဘုရားပညတ်တော်မူထားတဲ့ ၀ိနိယသိက္ခာပုဒ်တွေကို လိုက်နာကျင့်ကြံ ဆောင်ရွက်တဲ့ သံဃာတော်တွေမှာ ကထိန် အာနိသင်ရတဲ့အခါ အပြစ်အာပတ်တွေ နည်းသွားပြီးတော့ ၀ိနည်းတော်နဲ့လျော်ညီ စွာ လုပ်ထားတဲ့ ကထိန်သင်္ကန်ဟာလည်း ခိုင်မြဲတယ်။ ကထိန်ဆိုတဲ့စကားဟာ ပါဠိက နေ ဆင်းသက်လာပြီး ကထိနဆိုတဲ့ ပါဠိ ဖြစ် ပါတယ်။ ကထိနဆိုတဲ့စကားလုံးဟာ မြဲမြံ ခြင်း၊ ခိုင်ခံ့ခြင်း၊ ခိုင်မြဲခြင်းဆိုတဲ့ အဓိပ္ပာယ်ရှိ ပါတယ်။ ဒီနေရာမှာ မြဲခြင်းအမျိုးမျိုးရှိကြ ပေမဲ့ ကထိန်နဲ့ပတ်သက်လို့ မြဲခြင်းကတော့ အချိန်ကာလအားဖြင့်မြဲခြင်း၊ အကျိုးတရားအားဖြင့် မြဲခြင်းပဲဖြစ်ပါတယ်” ဟု မိန့်ကြားသည်။

Eleven Media Group ဝန်ထမ်း မိသားစုက နှစ်စဉ်ဝါတွင်းကာလတွင် ၀ါဆို သင်္ကန်းနေ့ဆွမ်းနှင့် ကထိန်အလှူတော် တို့ကို ပြုလုပ်နေခြင်းဖြစ်ပြီး ယခုနှစ်၌လည်း ကထိန်အလှူတော်ကို လိုအပ်နေသည့် ဘုန်းတော်ကြီးကျောင်း ငါးကျောင်းတွင် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း Eleven Media Group ဝန်ထမ်း မိသားစု၏ ၁၂ ကြိမ်မြောက် ကထိန်အလှူတော်ကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ နယ်၊ သကြားဟင်းအိုးကျေးရွာ မုန်တိုင်းဒဏ် ခံ သဒ္ဓမ္မရံသီအဆောက်အအုံ ဘုန်းတော် ကြီးကျောင်းတွင် ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦးဘုန်းတော် ကြီးကျောင်းတွင် Eleven Media Group က ခြောက်ကြိမ်မြောက်အဖြစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။ နိုဝင်ဘာ ၂၁ ရက် တွင် သုံးကျောင်းမြောက်အဖြစ် ရွှေပြည်သာ မြို့နယ် အမှတ် (၈) ရပ်ကွက်ရှိ ရွှေဒါးပရိ ယတ္တိ စာသင်တိုက်၌ ဆက်ကပ်လှူဒါန်းခဲ့ ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာ ၂၆ ရက်တွင် တွံတေးမြို့နယ် ခြံကလေးကျေးရွာ နန္ဒဝန် ကျောင်းတိုက်၊ နိုဝင်ဘာ ၂၉ ရက်၌ ကြည့်မြင် တိုင်မြို့နယ်ရှိ  ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် ကထိန်အလှူတော်တို့ကို ပြုလုပ်သွားမည် ဖြစ်သည်။

Eleven Media Group အနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဆွမ်းကွမ်းကိစ္စ အခက်အခဲရှိသည့် ဘုန်းတော်ကြီး ကျောင်းများကို လက်လှမ်းမီရာဆက်သွယ် လျှောက်ထားပြီး ကာလဒါနဖြစ်သည့် ကထိန်အလှူတော်ကို ပေးလှူနေခြင်းဖြစ် သည်။ နှစ်စဉ် ၀ါတွင်းကာလများ၌လည်း စာသင်တိုက်ရှိသံဃာတော်များ ဆွမ်းကွမ်း အခက်အခဲမရှိစေရန် ရည်ရွယ်ချက်ဖြင့် ၀ါဆိုသင်္ကန်းအပါအဝင် နေ့ဆွမ်းကို အပတ် စဉ် ဆက်ကပ်လှူဒါန်းခဲ့ပြီး ယခုနှစ်ဝါတွင်း ကာလတစ်လျှောက်တွင် ၁၂ ကြိမ်တိုင် ဆက် ကပ်လှူဒါန်းနိုင်ခဲ့သည်။

Source : Eleven Media Group