ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)တွင် NLD ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် သေနတ်​​ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)တွင် NLD ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် သေနတ်​​ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အောင်နိုင်ရေး ကော်မတီထံမှ နိုဝင်ဘာ ၂၁ ရက်
ညနေပိုင်းတွင် သတင်းရရှိသည်။

Edit

Edit

ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်ထိန်ကျေးရွာ၌ နိုဝင်ဘာ၂၁ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် သေနတ်ဖြင့် နှစ်ချက် အပစ်ခံရပြီး၊ တစ်နာရီခန့်အကြာတွင် ဆုံးပါးခဲ့ကြောင်း၊ သေဆုံးခဲ့သူမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဖြစ်ကြောင်း ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူး ဦးသူရစောသိန်းက အတည်ပြုပြောကြားသည်။

“ ဟုတ်တယ်ဗျ။ ဆုံးသွားပြီဗျ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပေါ့။ ပစ်ခံရတာက ၆ နာရီ ၁၅ ပေါ့။ သွားခေါ်တာနဲ့ ဆေးရုံရောက်လို့ အတည်ပြုတာ ၆ နာရီ ၅၀ မှာ အတည်ပြုနိုင်တယ်။ ဒါပေမယ့် ဆေးရုံ ရောက်ထဲက သတိမလည်တော့ဘူး။ ၆ နာရီ ၁၅ မိနစ်မှာပစ်ခံရတယ်။ ကျောက်မဲနဲ့ ၁၅ မိုင်ဝေးတယ်။ ပင်ထိန် ကျေးရွာ၊ နောင်ပိန်ကျေးရွာအုပ်စုမှာ နေတယ် ” ဟု ဦးသူရစောသိန်းက ပြောကြားသည်။

Edit

“ ဦးထိုက်ဇော်က သူ့ဆိုင်မှာ ကွမ်းယာ ယာနေတုန်း လူနှစ်ယောက်က သေနတ်နဲ့လာပစ် သွားတယ်လို့သိရတယ်။သူက ပင်တိန်ရွာမှာ ကုန်စုံဆိုင်နဲ့ ကွမ်းယာဆိုင်ဖွင့်ထားတာပါ။သူ့ကို ဆေးကုသဖို့ အတွက် ကျောက်မဲဆေးရုံကို ပို့တဲ့အချိန်မှာပဲ လမ်းမှာဆုံးသွားတာပါ” ဟု နောင်ပိန် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ကိုနေအောင် ကပြောကြားသည်။

Edit

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်သည် မဲရလဒ် ၁၀၉၄၉၁ ရရှိခဲ့ပြီး ဒုတိယမဲအများဆုံး ရရှိသူကို မဲ ၅၄ မဲ အသာဖြင့် အနိုင်ရရှိခဲ့ကြောင်း ရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအောင်နိုင်ရေး ကော်မတီထံမှ သိရသည်။

အမျိုးသားလွှတ်တော်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာတွင် နိုင်ငံရေးပါတီ ခုနစ်ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်စိန်၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ ဦးစိုးကိုခိုင်၊  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ စိုင်းထွန်းလင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ စိုင်းမြထွန်းဆွယ်ဟိန်း (ခ) စိုင်းဆမ်လျဲန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးထိုက်ဇော်၊ တအာင်း(ပလောင်) အမျိုးသားပါတီမှ ဒေါ်နွယ်နီထွန်း၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဒေါ်အိအိခင်တို့ ဖြစ်သည်။

Source : Eleven Media Group