စီဘယ်ယော့စ်နှင့် ဒေးဗစ်လူးဝစ်ဇ် ပြဿနာဖြစ်ပွားမှု ပေါက်ကြားစေခဲ့သူကို အာတီတာ ဖော်ထုတ်မည်

Photo: Getty Images

အာဆင်နယ်အသင်းနည်းပြ အာတီတာ သည် စီဘယ်ယော့စ်နှင့် ဒေးဗစ်လူးဝစ်ဇ်တို့ လေ့ကျင့်ရေးကွင်း၌ ပြဿနာဖြစ်ပွားသည့် ကိစ္စ ပေါက်ကြားခဲ့ခြင်းအတွက် ဒေါသထွက် နေပြီး ကျူးလွန်သူကို ရှာဖွေဖော်ထုတ်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက လေ့ကျင့်ရေး ကွင်းတွင် စီဘယ်ယော့စ်၏ ကြမ်းတမ်းသည့် ဖျက်ထုတ်မှုကြောင့် ဒေးဗစ်လူးဝစ်ဇ် သွေး ထွက်သည်အထိ ထိခိုက်မှုဖြစ်ပွားပြီးနောက် ၎င်းင်းတို့နှစ်ဦး အချင်းများခဲ့ကြောင်း ဗြိတိန် သတင်းဌာနများစွာက ဖော်ပြခဲ့ကြသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ သောကြာနေ့က ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက မေးမြန်းရာ အာတီ တာက ”ဒီလိုကိစ္စမျိုးတွေ အပြင်ကိုထွက်လာ တာ ကျွန်တော်မကြိုက်ပါဘူး။ အဲဒီသတင်း ဘယ်ကနေထွက်လာတာလဲဆိုတာ ကျွန် တော်ဖော်ထုတ်သွားမှာပါ။ ဒါတွေက အပြန် အလှန်ထားရှိရမယ့် ပုဂ္ဂိုလ်ရေးကိစ္စ၊ လျှို့ဝှက် ထားဖို့လိုအပ်တဲ့ ကိစ္စတွေဖြစ်ပြီး အခုလိုဖြစ်  လာမယ်လို့ ကျွန်တော်လုံးဝမထင်ထားပါဘူး။ ဒီကိစ္စရဲ့အကျိုးဆက်ကိုတော့ ရှာဖွေရမှာပါ။ လေ့ကျင့်ရေးအစီအစဉ်ဆိုတာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ဒီလိုကိစ္စမျိုးတွေ ခဏခဏဖြစ်ဖူး ပါတယ်။ ဒီလိုဟာတွေကို အသင်းထဲမှာပဲ ချက်ချင်းဖြေရှင်းလိုက်ပြီး အများကြီးပြောနေ စရာ မလိုပါဘူး။ ပြဿနာလည်းမရှိပါဘူး” ဟု ဖြေကြားသည်။

စီဘယ်ယော့စ်ကလည်း ယင်းဖြစ်ရပ်မှာ မှန်ကန်မှုမရှိဘဲ သတင်းအတုအယောင်သာ ဖြစ်ကြောင်း ကြာသပတေးနေ့တွင် Twitter မှတစ်ဆင့် ငြင်းဆန်ခဲ့သည်။

Source : Eleven Media Group