
၁၁ .၇ .၂၀၂၄
Written by MMAK
◾ အင်္ဂလန် 2-1 နယ်သာလန်
- ဟာရီကိန်း 18′(Pen)
- ဝါ့ကင့်စ် 90+1′
- ဇာဘီ ဆိုင်မွန် 7′
◾ ဥရုဂွေး 0-1 ကိုလံဘီယာ
- ဂျက်ဖဆန် လာမာ 39′
◾ အင်္ဂလန်အသင်းရဲ့ လက်ရှိခြေစွမ်းကြောင့် ဖိုင်နယ်အဆင့်ကို တက်ရောက်လာနိုင်မယ် မထင်ခဲ့ပေမဲ့ နယ်သာလန်အသင်းကို အနိုင်ရခဲ့ပြီး ယူရို ၂၀၂၄ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပွဲအစ ခုနှစ်မိနစ်မှာတင် နယ်သာလန်အသင်းက အဖွင့်ဂိုးစရခဲ့ပြီး ဇာဘီဆိုင်မွန်က ဒီကလန်ရိုက်စ်ဆီက ဘောလုံးလုယူပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာတော့ အင်္ဂလန်အသင်း ချေပဂိုးပြန်ရခဲ့ပြီး အငြင်းပွားဖွယ် ပင်နယ်တီကနေတစ်ဆင့် ဟာရီကိန်းက သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းလုံး အခွင့်အရေးတွေ ကိုယ်စီရခဲ့ကြပေမဲ့ အခွင့်အရေးကို အသုံးချနိုင်တဲ့ အင်္ဂလန်အသင်းက အနိုင်ဂိုးရသွားခဲ့ပြီး လူစားဝင်တိုက်စစ်မှုး ဝါ့ကင့်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှ ဂိုးပေးလိုက်ရတာကြောင့် နယ်သာလန်အသင်း ဂိုးပြန်မသွင်းနိုင်တော့ဘဲ အရှုံးပေးခဲ့ရပါတယ်။ ပွဲစဥ်တစ်လျှောက်လုံးလိမ်ဖယ်လိမ်ဖယ် အင်္ဂလန်က နယ်သာလန်နဲ့ပွဲမှာတော့ အနိုင်ရသင့်တဲ့ခြေစွမ်းပြနိုင်ခဲ့တာ တွေ့ရပါတယ်။ အနိုင်ရရှိခဲ့တဲ့ အင်္ဂလန်အသင်းက နှစ်ကြိမ်ဆက် ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပြီး စပိန်အသင်းနဲ့ ယှဥ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
◾ ဒုတိယပိုင်း တစ်ပိုင်းလုံး တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ ကိုလန်ဘီယာအသင်းက အနိုင်ရရှိသွားခဲ့ပြီး ကိုပါအမေရိကဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၃၀ ကျော်မှာ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ဂိုးသွင်းယူပြီး ကိုလန်ဘီယာအသင်း ဦးဆောင်ဂိုး စရခဲ့ပေမဲ့ ပထမပိုင်းပြီးကာနီးမှာ ကိုလံဘီယာ နောက်တန်းကစားသမားတစ်ယောက် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ တစ်ယောက်လျော့ ကိုလန်ဘီယာအသင်းက ဒုတိယပိုင်း တစ်ပိုင်းလုံး ခံစစ်အားပြုကစားခဲ့တာကြောင့် ဥရုဂွေးအသင်း ဂိုးပေါက်ကန်သွင်းခွင့်တောင် သိပ်မရခဲ့ဘဲ ဖိအားများနေခဲ့ပါတယ်။ တစ်ယောက်လျော့ ကိုလံဘီယာအသင်းကတောင် ဂိုးသမားနဲ့ တစ်ယောက်ချင်းကန်သွင်းခွင့် နှစ်ကြိမ်လောက်ရခဲ့ပေမဲ့ ဂိုးအဖြစ်မပြောင်းလဲနိုင်လို့သာ ဂိုးထပ်မရခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန်နှောင်းပိုင်း ရောက်လာချိန်မှာ ဥရုဂွေးအသင်းက ဖိအားများနေပေမဲ့ ကိုလန်ဘီယာအသင်းက ယုံကြည်မှု ပိုကောင်းလာတာကြောင့် ဥရုဂွေးအသင်း ချေပဂိုး ပြန်မသွင်းနိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရပါတယ်။ အနိုင်ရရှိခဲ့တဲ့ ကိုလန်ဘီယာအသင်း ဖိုင်နယ်တက်ရောက်ခဲ့ပြီး လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။
◾ကျွန်တော်တို့ MT Entertainment ကနေ လေးပွဲရွေးချယ်ပေးခဲ့ရာမှာ နှစ်ပွဲနိုင်နှစ်ပွဲရှုံးနဲ့ သရေကျခဲ့ပါတယ်။ ယူရိုဖိုင်နယ် ပွဲစဥ်ဖြစ်တဲ့ စပိန်အသင်းနဲ့ အင်္ဂလန်အသင်း၊ ကိုပါအမေရိကဖိုင်နယ်ပွဲစဥ်ဖြစ်တဲ့ အာဂျင်တီးနားအသင်းနဲ့ ကိုလန်ဘီယာအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်းတွေ ဖလားရသွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။




