
၂၇. ၇. ၂၀၂၄
Written by Thettant
ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ပါရီအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကြက်တောင်ရိုက်နဲ့ ရေကူးအားကစားနှစ်မျိုးအတွက် နှစ်ဦးသာ ယှဥ်ပြိုင်ပါဝင်ခွင့်ရပြီး ဒီနေ့မှာတော့ မြန်မာကိုယ်စားပြု သက်ထားသူဇာက ဂျပန်ကြက်တောင်အားကစားမယ်နဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
၂၀၂၄ အိုလံပစ်ကို ပါရီမှာ ဇူလိုင်လ ၂၆ ရက်နေ့မှာ စတင်နေပြီး မြန်မာနိုင်ငံကိုယ်စားပြု သက်ထားသူဇာက အမျိုးသမီး တစ်ယောက်ချင်း ကြက်တောင်ရိုက်အားကစားနဲ့ ဘုန်းပြည့်ဟန်က အမျိုးသား မီတာ ၁၀၀ အလွတ်ကူး အားကစားတွေမှာ အသီးသီး ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။
သက်ထားသူဇာက ဒီနေ့ ပြင်သစ်စံတော်ချိန် ည ၇ နာရီခွဲ (မြန်မာစံတော်ချိန်ထက် ည ၁၂ နာရီခန့်) မှာ ဂျပန်နိုင်ငံသူ Akane Yamaguchi နဲ့ အဖွင့်ပွဲစတင်ယှဥ်ပြိုင်ရမှာဖြစ်သလို ဒီနေ့မှာပဲ စိန့်မြစ်တစ်ဝိုက်က ပါရီအိုလံပစ် ၂၀၂၄ ဖွင့်ပွဲအခမ်းအနားအတွက် “အလံတင်သူ” အဖြစ်လည်း ဆောင်ရွက်ခဲ့တယ်လို့ သက်ထားသူဇာက မြန်မာအလံကိုင်ဆောင်ရင်း ဖော်ပြထားပါတယ်။



“သက်ထား Group C ထဲမှာပါတဲ့ Akane Yamaguchi (Japan) နဲ့ Michelle Li (Canada) နှစ်ယောက်ထဲမှာ Japan က Akane နဲ့ အရင်ဦးဆုံး 27th July Olympic ကြက်တောင်ပြိုင်ပွဲ စစချင်းနေ့မှာ ရိုက်ရမှာဖြစ်ပါတယ်။ အချိန်ကတော့ Paris Time Zone 7:30 PM ဖြစ်ပြီး ကွင်းနံပတ် 2 မှာရိုက်ရမှာပါ။ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ အားလုံးလည်း အားပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်”လို့ သက်ထားသူဇာက အသိပေးထားပါတယ်။