Myanmar Transparency News

အဝတ်ကော်ပုံးပေါ် ဖယောင်းတိုင်မီးထွန်းရာမှ နေအိမ်မီးလောင်မှု တာမွေမြို့နယ်တွင် ယနေ့နံနက်အစောပိုင်းတွင် ဖြစ်ပွား

၂၇.၁.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ) ရပ်ကွက်၊ (၁၅၅)လမ်းတွင် ယနေ့ ဇန်နဝါရီလ ၂၇ ရက်ကူးပြောင်းစ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က အဝတ်ကော်ပုံးပေါ်တွင် ဖယောင်းတိုင် မီးထွန်းရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီး​လောင်မှုမှာ အလျား ပေ ၂၀၊ အနံ ပေ ၄၀ သွပ်မိုး၊အုတ်ကာ၊ ပျဥ်ခင်း ၂ ထပ်နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်နှင့် အဝတ်အထည်များ၊ အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ၁၈ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၂ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ သန္ဓေအရန် ၈၀ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးကို တာမွေမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

အလားတူ ဇန်နဝါရီလ၂၆ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က တာမွေမြို့နယ် မအူကုန်းရပ်ကွက်၊ လမ်း (၁၄၀) ရှိ ၈ ထပ်တိုက် ၄ လွှာတွင် မီးကြိုးခွေတပ်ဆင်ထားသော ပလပ်ခေါင်း အပူလွန်ကဲရာမှ အရည်ပျော်ပြီး အောက်ရှိမွေ့ယာပေါ်သို့ မီးကူးစက်ရာမှ အဝတ်အစားနှင့်မွေ့ယာတို့ မီးလောင်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News