Myanmar Transparency News

UFC ဖလိုင်းဝိတ်ရဲ့ အဆင့် (၁) Brandon Royval ကို ဒိုင်ဆုံးဖြတ်ချက်နဲ့ Joshua Van အနိုင်ရပြီး ဖလိုင်းဝိတ်ချန်ပီယံ စိန်ခေါ်ခွင့်ရ

သတိုး
၂၉. ၆. ၂၀၂၅

ဒီနေ့ ကျင်းပတဲ့ UFC 317 ရဲ့ တတိယခေါင်ပွဲဖြစ်တဲ့ UFC ဖလိုင်းဝိတ်ရဲ့ အဆင့် (၁) Brandon Royval နဲ့ အဆင့် (၁၂) Joshua Van တို့ ထိုးသတ်ပွဲမှာ Joshua Van က Brandon Royval ကို ဒိုင်ဆုံးဖြတ်ချက်နဲ့ အနိုင်ရခဲ့ပါတယ်။

ပထမအချီမှာ Van က အကွာအဝေးထိန်းပြီး Stand Fight နဲ့ ထိုးရာမှာ Royval ကို နှာခေါင်းသွေးထွက်ခဲ့သလို ဖင်ထိုင်ကျအောင် ထိုးနိုင်ခဲ့ပါတယ်။ ပထမအချီမှာ Van က တွဲလုံးတွေ ပိုထုတ်နိုင်ခဲ့ပြီး Van သာခဲ့ပါတယ်။ ဒုတိယအချီမှာ Van က Royval ရဲ့ လက်သီးတစ်ကမ်းမှာ ရှိနေခဲ့လို့ ထောက်လက်သီးတွေ မကြာခဏထိနေပြီး ပူးသွားရင် Van က ပိုသာအောင်ထိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Royval က Van ထိုးချက်မှာ မျက်လုံးပိတ်လုပိတ်ခင်ဖြစ်သွားပေမဲ့ ပိုကောင်းအောင်ထိုးနိုင်ခဲ့တဲ့ Royval က ဒုတိယအချီမှာ ပိုသာသွားခဲ့ပါတယ်။ တတိယအချီမှာ Van က Royval ကို သုံးချီလောက် ဖင်ထိုင်ကျအောင်ထိုးနိုင်ခဲ့တာနဲ့ ခွထိုင်ထိုးနိုင်ခဲ့တာမှာ Van အနိုင်ရခဲ့တာပါ။

ဒီပွဲအနိုင်ရသွားခဲ့တာကြောင့် Van ဟာ ဖလိုင်းဝိတ်ချန်ပီယံ စိန်ခေါ်ခွင့်ရသွားခဲ့ပြီဖြစ်ပြီး အခုထိုးမယ့် ပန်တိုဂျာနဲ့ ကိုင်ကာရာဖရန့်စ်တို့ပွဲက နိုင်သူနဲ့ တွေ့ရတော့မှာပါ။

မူရင်းသတင်း — Myanmar Transparency News