Myanmar Transparency News

ကမ္ဘာ့ကလပ်ဖလားဗိုလ်လုပွဲ ပထမပိုင်းမှာ ချဲလ်ဆီးက PSG ကို သုံးဂိုးပြတ် အနိုင်ရနေ

၁၄. ၇. ၂၀၂၅
Written by Thettant

ကမ္ဘာ့ကလပ်ဖလားဗိုလ်လုပွဲ ပထမပိုင်းမှာ ချဲလ်ဆီးက PSG ကို သုံးဂိုးပြတ် အနိုင်ရနေပါတယ်။

အောက်အသင်းလို့ သတ်မှတ်ခံရတဲ့ ချဲလ်ဆီးရဲ့ သွင်းဂိုးတွေကိုတော့ ပါးလ်မားက ၂၂ မိနစ်နဲ့ ၃၀ မိနစ်မှာ သွင်းယူပေးခဲ့ပြီး တတိယဂိုးကိုတော့ ဂျာအိုပတ်ဒရိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲပထမပိုင်းမှာ PSG ဟာ ဂိုးကန်သွင်းခွင့် ၂ ကြိမ်သာရခဲ့ပေမဲ့ ဂိုးအဖြစ်မပြောင်းနိုင်ခဲ့သလို ချဲလ်ဆီးက ဂိုးပေါက်ခြောက်ကြိမ်ကန်ရာမှာ ဒွန်မာရမ်မာကို သုံးဂိုးသွင်းခဲ့ပါတယ်။

မူရင်းသတင်း — Myanmar Transparency News