
ဝန်းကျိုး (ကျဲ့ကျန်း)၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
မကြာသေးမီက ပင်လယ်ကျွန်း ထူးခြားချက်များရှိသော ရေနံသိုလှောင်ကန် ဥယျာဉ် “ပန့်ဖိန်ကျွန်း ရေနံသိုလှောင်ကန် ဥယျာဉ်” ကို တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ ဝန်းကျိုးမြို့၊ တုန့်ထိုခရိုင်ရှိ ပန့်ဖိန်ကျွန်းတွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါဥယျာဉ်ကို တုန့်ထိုခရိုင် ဒေသန္တရအစိုးရနှင့် တရုတ်အမျိုးသား ရေနံနှင့် ဓာတုဗေဒကော်ပိုရေးရှင်း (Sinopec) ကျဲ့ကျန်းရေနံလုပ်ငန်း ဝန်းကျိုးကုမ္ပဏီခွဲတို့ ပူးပေါင်း တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ”စက်မှုလုပ်ငန်းအမွေအနှစ် + ယဉ်ကျေးမှုခရီးသွားလုပ်ငန်း ပေါင်းစပ်ခြင်း” ဟူသော ထူးခြားသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ထားခြင်း ဖြစ်သလို ဝန်းကျိုးမြို့ တုန့်ထိုခရိုင်၏ ပင်လယ်ကျွန်းပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးသည့် အဓိက ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း စီမံကိန်းတစ်ခုလည်း ဖြစ်သည်။
ရေနံသိုလှောင်ကန် ဥယျာဉ်သည် မူလမှာ ဆယ်စုနှစ်များစွာကြာ သမိုင်းကြောင်းရှိသည့် ရေနံသိုလှောင်ရုံဟောင်းတစ်ခုဖြစ်ပြီး ဥယျာဉ်တည်ဆောက်စဉ်အတွင်း ရေနံသိုလှောင်ကန်နှစ်ခုကို ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။
ယင်းအနက် ကန်တစ်ကန်ကို လက်ဖျော်ကော်ဖီ၊ အချိုပွဲများ စသည်တို့ ရောင်းချသည့် အွန်လိုင်းရေပန်းစား ရေနံသိုလှောင်ကန်ကော်ဖီဆိုင်အဖြစ် ဖန်တီးခဲ့ပြီး နောက်တစ်ကန်ကိုမူ ပင်လယ်ကျွန်း ယဉ်ကျေးမှုနှင့် ဆန်သစ်တီးထွင်မှုအနုပညာကန်အဖြစ် ဖန်တီးကာ တုန့်ထိုခရိုင်ထွက် ထူးခြားသော ဆန်းသစ်တီထွင်ထားသည့် ယဉ်ကျေးမှုထုတ်ကုန်များကို စုစည်း ပြသထားသည်။
ရေနံသိုလှောင်ကန်ဥယျာဉ်တွင် စတိုးဆိုင်၊ ပင်လယ်ကမ်းခြေစားသောက်ဆိုင်၊ ရေတံခွန် ရှုခင်းသာဧရိယာ၊ စခန်းချရာနေရာ၊ ရေနံဓာတုဗေဒ အလွယ်တကူ အားသွင်းစခန်းနှင့် အနားယူစခန်းများစသည့် ဝန်ဆောင်မှုအဆောက်အအုံများပါဝင်ပြီး ပန့်ဖိန်ကျွန်း၏ တောင်တန်းနှင့် ပင်လယ်အရင်းအမြစ်များ၊ စက်မှုလုပ်ငန်းအမွေအနှစ်များ၏ အားသာချက်များကို အပြည့်အဝ ဖော်ထုတ်အသုံးချကာ ဒေသယဉ်ကျေးမှုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှင်သန်စွမ်းအားသစ်များ ဖြည့်တင်းပေးခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်ရှိ ပန့်ဖိန်ကျွန်း ရေနံသိုလှောင်ကန် ဥယျာဉ်အား လှည့်လည်ကြည့်ရှုနေကြသူများကို ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(Chinese Version)
浙江温州:工业遗存焕新生 海岛油罐公园开园
新华社照片,温州(浙江),2026年6月26日
近期,一座海岛特色油罐公园“半屏岛油罐公园”在浙江省温州市洞头区半屏岛正式开园,公园由温州市洞头区当地政府和中国石化浙江石油温州分公司共同打造,探索“工业遗产+文旅融合”特色发展路径,也是温州市洞头区推进海岛振兴的重点文旅项目。
油罐公园的前身是一座拥有数十年历史的老油库,公园建设过程中对两座储油罐进行翻新重塑,一座打造成网红油罐咖啡馆,提供手作咖啡、甜品等;另一座打造海岛文创艺术罐,集中陈列展示洞头本土特色文创产品。油罐公园配套便利店、滨海餐厅、瀑布观景区、露营区、石化易电充电场站及休息驿站等服务设施,充分挖掘半屏岛山海资源与工业遗存优势,为当地文旅经济发展注入新活力。
图说1:6月26日,游客在半屏岛油罐公园油罐旁的瀑布观景区游玩。 新华社记者 徐昱 摄
图说2:6月26日,游客参观半屏岛油罐公园。新华社记者 徐昱 摄