
ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သုံးစွဲမှုအင်အား၏ အဓိကညွှန်းကိန်းဖြစ်သော နိုင်ငံ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ လက်လီရောင်းအား စုစုပေါင်းက ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယခင်နှစ်ကာလတူကထက် ၂.၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဇူလိုင် ၁၅ ရက်၌ ထုတ်ပြန်သော တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။
အဆိုပါကာလအတွင်း ဝန်ဆောင်မှုလက်လီရောင်းအားမှာ ယခင်နှစ်ကာလတူကထက် ၅.၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ကုန်ပစ္စည်းလက်လီရောင်းအားကမူ ၁.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ဝန်ဆောင်မှုဆိုင်ရာ သုံးစွဲမှုအနေဖြင့်မူ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ဆောင်မှုများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ရေးနှင့် အငှားဝန်ဆောင်မှုလုပ်ငန်းများ၊ ယဉ်ကျေးမှုဆိုင်ရာ၊ အားကစားနှင့် အပန်းဖြေဝန်ဆောင်မှုများ စသည့် ကဏ္ဍအမျိုးအစားများအနေဖြင့်လည်း တိုးတက်မှုမြန်ဆန်မှုရှိခဲ့ကြောင်း NBS အချက်အလက်များက ဖော်ပြထားသည်။
ယခုနှစ် ပထမနှစ်ဝက်တွင် ရုပ်ပိုင်းဆိုင်ရာ သုံးစွဲသူကုန်ပစ္စည်းရောင်းချရမှုနှင့် အစားအသောက်ဝန်ဆောင်မှုများမှ ရရှိသည့် ဝင်ငွေ အပါအဝင် သုံးစွဲသူကုန်ပစ္စည်းများ၏ လက်လီရောင်းအား စုစုပေါင်းအနေဖြင့် ယွမ် ၂၄.၈၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၆၆ ထရီလီယံခန့်) သို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူကထက် ၁.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အချက်အလက်များက ဖော်ပြထားသည်။
မြို့ပြဧရိယာများတွင် သုံးစွဲသူကုန်ပစ္စည်းလက်လီရောင်းအားမှာ ၁.၂ ရာခိုင်နှုန်း မြင့်တက်လာပြီး ကျေးလက်ဒေသများ၌ သုံးစွဲသူကုန်ပစ္စည်းလက်လီရောင်းအားအနေဖြင့်မူ ၂.၅ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ (Xinhua)
……………..
(English Version)
China’s retail sales of goods, services up 2.7 pct in first half of 2026
BEIJING, July 15 (Xinhua) — China’s total retail sales of goods and services, a major indicator of the country’s consumption strength, increased by 2.7 percent year on year in the first half of 2026, official data showed Wednesday.
The retail sales of services increased by 5.3 percent in the period from a year ago, and that of goods increased by 1.1 percent, according to data released by the National Bureau of Statistics (NBS).
In terms of services consumption, the categories of communication and information services, tourism consulting and leasing services, and cultural, sports and leisure services saw fast growth, the NBS data showed.
In the first half of this year, the total retail sales of consumer goods, which include the sales of physical consumer goods plus the income generated from the catering services, reached 24.87 trillion yuan (about 3.66 trillion U.S. dollars), up by 1.3 percent year on year, the data showed.
Retail sales of consumer goods in urban areas rose 1.2 percent while that in rural areas increased 2.5 percent. ■
English Caption
Consumers check out at a supermarket in Yangzhou, east China’s Jiangsu Province, July 9, 2026. (Photo by Ren Fei/Xinhua)