Myanmar Transparency News

အောင်ဇမ္ဗူပါဝင်ရိုက်ကူးမယ့် မြန်မာ့ပထမဆုံး  စိတ်ကူးယဥ် ရှေးခေတ်ဒရာမာဇာတ်လမ်းပုံစံ “ချစ်သောမဟေသီ”ဇာတ်ကား ကန်တော့ပွဲပေး

၂၅.၇.၂၀၂၆
Written By Thandar 

Canal Plus နဲ့ Bonanza Production တို့ ပူးပေါင်းတင်ဆက်ကြမယ့် မြန်မာ့ပထမဆုံး  စိတ်ကူးယဥ် ရှေးခေတ်ဒရာမာဇာတ်လမ်းပုံစံ “ချစ်သောမဟေသီ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၅ ရက် နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မဟာဝိဇယ စေတီတော်မှာ ကျင်းပခဲ့ပါတယ်။ 

“ကျွန်တော့်အနေနဲ့ ချစ်သောမဟေသီက မြန်မာ့ပထမဆုံး  စိတ်ကူးယဥ် ရှေးခေတ်ဒရာမာဇာတ်လေးဖြစ်သလို Canal Plus နဲ့ ပထမဦးဆုံး ရိုက်ကူးတဲ့ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ နန်းဝတ်နန်းစားဝတ်ဆင်ရမှာများတယ်။ ဒီအထဲမှာ တကယ့်ကို Reality ဖြစ်တဲ့ ပထမဦးဆုံး Hairstyles ကို ပြောင်းဖို့ရှိတယ်။ ကျွန်တော့်အနေနဲ့ ဇာတ်လမ်းတွဲမို့ အချိန်ကို ရက်ရှည်ပိုပေးရတာတွေရှိတာပေါ့နော်။ ပရိသတ်အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွဲမို့ Canal Plus က ထုတ်လွှင့်ရင်လည်း အားပေးကြပါလို့ပြောချင်ပါတယ်”လို့ အောင်ဇမ္ဗူက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း EVERN ၊ ဇာတ်ညွှန်း ဖြိုးသဉ္ဇာကျော်၊ DOP ထွဋ်တင့်ထွန်းနဲ့ ရှိုင်းလင်းကို ဒါရိုက်တာ နိုရာကိုက သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ဇမ္ဗူ၊ စစ်မင်းထက်၊ မင်းမြတ်စိုးစံ၊ မေမီကိုကို၊ JK Sophia၊ ဟန်နလာ၊ အင်ကြင်းဖူး၊ အရိုင်း၊ ဇော်ဝင်းနိုင်(မန်း)၊ ဂွမ်းပုံကြီး၊ ကလေးသရုပ်ဆောင် မိုဂျီစတဲ့သူတွေနဲ့ ရိုက်ကူးမှာလည်းဖြစ်ပါတယ်။ 

#အောင်ဇမ္ဗူ #စစ်မင်းထက် #မင်းမြတ်စိုးစံ #AungZabu #SittMinHtet #MinMyatSoeSan #MayMiKoKo #JKSophia #ချစ်သောမဟေသီ #BONANZAPRODUCTION #CanalPlus #Canal+ #MyanmarCele

မူရင်းသတင်း — Myanmar Transparency News