Eleven Media Group

MAI ၏ ၃၃ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ခရီးသညီများအတွက် အထူးအခွင့်အရေးများ ပေးအပ်မည်

MAI လေကြောင်းလိုင်း၏ ၃၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထူးအစီအစဉ်များ နှင့် Discount များကို ခရီးသည်များအတွက် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်ပတ်လည်အထိမ်းအမှတ် လှုပ်ရှားမှုများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၄ ရက်မှ ၃၁ ရက်အထိ ပြုလုပ်မည်ပြီး သတ်မှတ်ထားသည့် ခရီးသွားရက်များမှာ ဩဂုတ် ၁၄ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကာလအတွင်း ဘွတ်ကင်ပြုလုပ်နိုင်သည့် သတ်မှတ်ထားသော လမ်းကြောင်းများမှတစ်ဆင့် လက်မှတ် ဝယ်ယူခဲ့သည့် ခရီးသည်များအနေဖြင့် ၃၃ဝဝဝ ကျပ် OFF Discount နှင့် Lucky Draw အစီအစဉ်တွင်လည်း ပါဝင်ခွင့်ရရှိပြီး အခမဲ့လေယာဉ်လက်မှတ်များ၊ အပို့ခရီးဆောင်အိတ် ၅ကီလိုဂရမ်၊ ထိုင်ခုံဆိုင်ရာ အကျိုးခံစားခွင့်များ၊ E-SIM များ၊ KBZMS Platinum Packages များနှင့် ရွေးချယ်ထားသည့် နှစ်ပတ်လည့်အထိမ်းအမှတ်ပစ္စည်းများကို ဆုများအဖြစ် ရရှိနိုင်ကြောင်း သိရသည်။

ခရီးသည်များအနေဖြင့်လည်း လေယာဉ်ခုံနံပါတ်သည် 33 ပါက နှစ်ပတ်လည်အထိမ်းအမှတ် ဆုလက်ဆောင်များ ရရှိနိုင်ရန် အကျုံးဝင်ကြောင်း သိရသည်။

ရန်ကုန် ဘန်ကောက် ခရီးစဉ်အတွက်လည်း MAI က RGN-BKK-RGN လေကြောင်းခရီးစဉ်များကို တစ်ပတ်လျှင် ၉ ကြိမှ ၁၁ ကြိမ်အထိ တိုးမြှင့်ပြီးဆွဲခဲ့ရာ အဆိုပါ ခရီးစဉ်ကို အသုံးပြုခဲ့သည့် ခရီးသည်များအတွက် ခရီးစဉ်အချိန်ရွေးချယ်စရာများ ပိုမိုရရှိခဲ့ကြောင်း သိရသည်။

နှစ်ပတ်လည်အထိမ်းအမှတ် အထူးအစီအစဉ်များကို အသုံးပြုသည့် ခရီးသည်များအနေဖြင့် လက်မှတ်မဝယ်ယူမီ သက်ဆိုင်ရာ ဘွတ်ကင်ပြုလုပ်နိုင်သည့် လမ်းကြောင်းများ၊ သတ်မှတ်ထား ခရီးသွားရက်များ၊ လက်မှတ်ဈေးနှုန်းများနှင့် အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များကို စစ်ဆေးအတည်ပြု၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group