Myanmar National Post

ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ရှိ ရုပ်ရှင်အခြေခံအဆောက်အအုံများ၊ ရုပ်မြင်သံကြားထုတ်လွှင့်မှုလုပ်ငန်းများ ကြည့်ရှုလေ့လာ


ဟိုက်ဒရာဘတ်၊ ဩဂုတ် ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ဩဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ ရှိ Ramoji Film City နှင့် Eenadu Television- ETV ရှိ ရုပ်ရှင်ရိုက်ကူးရေးနှင့် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုလေ့လာသည်။

အဆိုပါ Ramoji Film City နှင့် ETV ရှိ ရုပ်ရှင်အခြေခံအဆောက်အအုံများဖြစ်သည့် ရုပ်ရှင်ရိုက်ကူးရေးစတူဒီယိုများ၊ အဆောက်အအုံများအားဖန်တီး၍ ဇာတ်ဝင်ခန်းများ ပြုလုပ်ဖန်တီးထားမှု ၊ Virtual Effect များ၊ Stunt Show နှင့် Live Performance များ ဆောင်ရွက်နေမှုများ၊ ရုပ်ရှင်အခြေပြုခရီးသွားလုပ်ငန်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို တစ်နေရာတည်းတွင် ပေါင်းစပ်ထားမှုများ၊ Satellite ဂြိုဟ်တုအသုံးပြု၍ တိုက်ရိုက်ထုတ်လွှင့်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုလေ့လာသည်။

ညနေပိုင်းတွင် The National Bank for Agriculture and Rural Development- NABARD ၏ Former Chairman ဖြစ်သူ Dr. G. R Chintala နှင့် Indian Telephone Industries Limited-ITI ၏ Director ဖြစ်သူ Mr. Ra- mana Babu တို့နှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြန်ကြားရေးကဏ္ဍအသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးသည်။

ယနေ့တွင် ဟိုက်ဒရာဘတ်မြို့ရှိ Object One Co., Ltd. မှ တာဝန် ရှိသူများက Over The Top (OTT) Platform Development & Radio, Film & TV Content Creation ၊ TeleguOne Plat- form နှင့်ပတ်သက်၍လည်းကောင်း၊ Kalgudi Co., Ltd. က Digital Initiatives လုပ်ငန်းများ နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပြန်ကြားရေးလုပ်ငန်းများ၊ ရုပ်ရှင်လုပ်ငန်းများ၊ ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်‌ရေးကိစ္စများအားလည်းကောင်း ဆွေးနွေးခဲ့ကြသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post