
မြန်မာ့ဂီတလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီး ပရိတ်သတ်များ အားပေး နှစ်သက်သည့် တေးသီချင်းများစွာကို သီဆိုခဲ့သူ ဝါရင့်တေးသံရှင် ကိုင်ဇာ သည် ယနေ့ (ဩဂုတ် ၂၂ ရက်) ညနေပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။
အဆိုတော် ကိုင်ဇာသည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက မြန်မာ့တေးဂီတလောကတွင် ထင်ရှားလာခဲ့သူဖြစ်ပြီး ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သည့် ဝါရင့်တေးသံရှင်တစ်ဦးဖြစ်သည်။
ကိုင်ဇာသည် တစ်ကိုယ်တော်တေးအယ်လ်ဘမ်များစွာ ထွက်ရှိခဲ့သည့်အပြင် အမျိုးသမီးတေးသံရှင်များဖြစ်သည့် မေဆွိ၊ မေခလာ တို့နှင့်လည်း စုံတွဲတေးသီချင်းများ သီဆိုကာ အောင်မြင်မှုရရှိခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်အထိ မှတ်တမ်းများအရ တစ်ကိုယ်တော်တေးအယ်လ်ဘမ် ၂၀ ခန့် နှင့် တေးသီချင်း ၂၀၀ ကျော် သီဆိုထွက်ရှိထားခဲ့ကြောင်း သိရသည်။
တေးသံရှင် ကိုင်ဇာ၏ “အရမ်းလွမ်းနေပြီ”၊ တစ်သက်လုံးပဲ သတိရနေမယ် "ပထမဆုံးနေ့ '“တူနှစ်ကိုယ်တိုင်းပြည်” မနိုးပါေးနဲ့ မိုးရယ် စသည့် သီချင်းများမှာ ယနေ့ထိတိုင် ပရိတ်သတ်များကြားရေပန်းစားနေဆဲ သီချင်းများဖြစ်သည်။