
ဩဂုတ် - ၂၄
အမေရိကန်-အစ္စရေးနဲ့ အီရန်စစ်ပွဲကြောင့် ရေနံစျေးနှုန်းတွေ မြင့်တက်လာမှုနဲ့ ပတ်သက်ပြီး ရေနံကုမ္ပဏီတွေ ရရှိနေတဲ့ "မတန်တဆ အမြတ်အစွန်းတွေ" အပေါ် အပိုဆောင်း အခွန် ကောက်ခံဖို့ ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင် ၆ နိုင်ငံက လိုလားနေကြောင်း သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ ဘဏ္ဍာရေးဝန်ကြီးများ၏ ပူးတွဲပေးပို့စာကို ကိုးကားပြီး သတင်းမီဒီယာ တော်တော်များများက စနေနေ့မှာ ဖော်ပြခဲ့ကြပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပြင် ကမ္ဘာ့ရေကြောင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ (LNG) ကုန်သွယ်မှုရဲ့ ၄ ပုံ ၁ ပုံခန့်ကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ ဟော်မုဇ် ရေလက်ကြား ပိတ်ထားရမှုတွေ ကြောင့် ဒီနှစ်အတွင်း ရေနံစျေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်ကို ခဏခဏ ရောက်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ကမ္ဘာ့ရေနံစံချိန်စံညွှန်းဖြစ်တဲ့ Brent ရေနံစိမ်း ကြိုပွိုင့်စျေးနှုန်းဟာ တစ်စည်ကို ၁၀၂ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး၊ ရေလက်ကြား ပိတ်ဆို့မှုဟာ ၂၀၂၇ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် စတုတ္ထသုံးလပတ်မှာ စျေးနှုန်းဟာ ဒေါ်လာ ၁၂၀ ထက် ကျော်လွန်သွားနိုင်သလို နောက်နှစ်မှာလည်း ပျှမ်းမျှ ဒေါ်လာ ၁၀၀ ဝန်းကျင် ရှိနေနိုင်တယ်လို့ ဂိုလ်ဒ်မန်းဆက်ချ် သုတေသနဌာန က ခန့်မှန်းထားပါတယ်။
အစီရင်ခံစာတွေအရ ပေါ်တူဂီ၊ စပိန်၊ ဩစတြီးယား၊ အီတလီ၊ ပိုလန်နဲ့ ဂျာမနီနိုင်ငံတို့က ဘဏ္ဍာရေးဝန်ကြီးတွေက ဒီအကျပ်အတည်းကို “ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး ကုန်ပစ္စည်းထောက်ပံ့မှု ရိုက်ခတ်ခြင်းတွေထဲက တစ်ခု” လို့ ခေါ်ဆိုခဲ့ကြပါတယ်။ အိုင်ယာလန် ဘဏ္ဍာရေးဝန်ကြီးဆီ ပေးပို့တဲ့ စာထဲမှာတော့ သူတို့က “တစ်ကမ္ဘာလုံးမှာ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုအပေါ် မကျေနပ်မှုတွေ တိုးပွားလာနေတယ်” လို့ သတိပေးထားပြီး “ဒီအကျပ်အတည်းကနေ အမြတ်အစွန်း ရရှိနေသူတွေအနေနဲ့ ပြည်သူလူထုရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့ အတွက် သူတို့ ပါဝင်ကူညီရမယ့် ဝေစုကို ပေးဆောင်စေရေး စုံညီပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းမျိုး” ကျင့်သုံးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အိုင်ယာလန်ဟာ လက်ရှိမှာ ဥရောပသမဂ္ဂကောင်စီ ရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူထားတာပါ။
ဂျာမနီက ဦးဆောင်ပြုလုပ်တာလို့ သတင်းထွက်နေတဲ့ ဒီအစီအစဉ်ဟာ "အပိုဆောင်းအမြတ်အစွန်းတွေကို အခွန်ကောက်ခံဖို့ အီးယူ တစ်ဝန်းလုံးဆိုင်ရာ မူဘောင်တစ်ခု ရေးဆွဲဆွေးနွေးပြီး စွမ်းအင်စျေးနှုန်း ကြီးမြင့်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့" ကြိုးပမ်းတာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ လာမယ့် စက်တင်ဘာလလယ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အီးယူ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးရဲ့ အစီအစဉ်မှာ ဒီကိစ္စကို ထည့်သွင်း ဆွေးနွေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကွန်ရက်တစ်ခုဖြစ်တဲ့ Oxfam ရဲ့ ပြီးခဲ့တဲ့လက ခန့်မှန်းချက်အရ BP၊ Chevron၊ Eni၊ ExxonMobil၊ Shell နဲ့ TotalEnergies ကုမ္ပဏီတို့ရဲ့ ဧပြီလကနေ ဇွန်လအထိ စုစုပေါင်း အမြတ်အစွန်းဟာ ယူရို ဘီလီယံ ၄၀ နီးပါး (ဒေါ်လာ ၄၆.၆ ဘီလီယံ) အထိ ရှိခဲ့ပြီး၊ နှစ်ကုန်ပိုင်းမှာတော့ ယူရို ၁၄၇ ဘီလီယံ (ဒေါ်လာ ၁၇၁.၂ ဘီလီယံ) အထိ ရောက်ရှိသွားနိုင်တယ်လို့ သိရပါတယ်။ အဲ့ဒိမ္ပဏီ ဟာ ရင်းနှီးမြှုပ်နှံမှုအပေါ် အမြတ်အစွန်း ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်နေတဲ့ အမြတ်တွေအပေါ် အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထိ အစဉ်အမြဲ အပိုဆောင်းအခွန် ကောက်ခံသွားဖို့ တောင်းဆိုထားပါတယ်။
REF: RT
#News #Myanmar