တောင်ကြီးမြို့တွင် ရှိသော ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး နေအိမ်ကို ရှေးဟောင်း အဆောက်အအုံ အဖြစ် ကမ္ဗည်းကြေးပြားရေးထိုး တပ်ဆင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့ကို အင်္ဂလိပ်တို့က အုပ်ချုပ်ရေး အခြေစိုက်မြို့အဖြစ် ညောင်ရွှေစောဘွားပိုင်ဧရိယာဖြစ်သည့် တောင်ကြီးမြို့ဧရိယာကို ညောင်ရွှေစော်ဘွားထံမှ တောင်းယူပြီး ၁၈၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သောကြောင့် အုပ်ချုပ်ရေးဆိုင်ရာ ကိုလိုနီခေတ်အဆောက်အအုံများစွာ တည်ရှိနေပါကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ သစ်တောဌာနအား အခွန်တော်ဌာန၏ ၁၇-၇-၁၈၉၃ ရက်စွဲပါ ကြော်ငြာချက် အမှတ် - ၂၅၅ အရ ၁-၁၀-၁၈၉၃ ရက်နေ့တွင် တည်ထောင်ခဲ့ပါကြောင်း သိရသည်။ ပထမဆုံးသစ်တောရုံးကို မိုင်းသောက် (Ford Stedman) ခံတပ်တွင် ဖွင့်လှစ်ထားခဲ့ရာမှ တောင်ကြီးမြို့(လက်ရှိနေရာ)သို့ ၅-၇-၁၈၉၆ ရက်နေ့တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါကြောင်း သိရသည်။
Mr. H. Jackson သည် သစ်တောရေးပိုင် (Deputy Conservator of Forest) အဆင့်ဖြင့် ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ ၎င်းနောက် သစ်တောဌာန၏ ၁၃-၈-၁၉၂၉ ရက်စွဲပါစာအမှတ်၊ 136-Y/28-29 ဖြင့် သစ်တောဌာနအရာရှိချုပ် (Principal Forest Officer) အဖြစ် အဆင့်မြှင့်ခန့်ထားရန် တင်ပြခဲ့ရာ ၆-၁-၁၉၂၉ ရက်နေ့တွင် ခွင့်ပြုခဲ့ပါကြောင်း သိရသည်။
ယခုလက်ရှိ ရှမ်းပြည်နယ် သစ်တောဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး၏နေအိမ်ကို ၁၈၉၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၈၉၆ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ကိုလိုနီခေတ်အဆောက် အအုံများထဲမှ တစ်ခုဖြစ်ပါကြောင်း သိရသည်။ နေအိမ်သည် အုတ်ညှပ်၊ သွပ်မိုးအဆောက်အဦ ဖြစ်ပြီး အတိုင်းအတာမှာ (၈၄' x ၄၀' x ၃၀') ပြီး (၄၉.၆' x ၄၀' x ၃၀') မှာ နှစ်ထပ်ဖြစ်ကာ၊ ကျန် (၃၄.၆' x ၄၀' x ၁၅') မှာ တစ်ထပ်ဖြစ်ပါသည်။ ပတ်ဝန်းကျင်အနေအထားအနေဖြင့် နေအိမ်၏ အရှေ့ဘက်တွင် အရှေ့မြို့ပတ်လမ်း၊ အနောက်ဘက်တွင် ညွှန်ကြားရေးမှူးရုံး၊ ရတနာသစ်ခန်းမနှင့် သစ်တော ရုံးဝန်း၊ တောင်ဘက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြောက်ဘက်တွင် ရှမ်းပြည်နယ် ဥပဒေချုပ်ရုံးတို့ တည်ရှိပါသည်။
ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးနေအိမ်သည် သစ်တောဌာန အရာရှိချုပ် A.B. Nixon လက်ထက် ၁၉၂၉ ခုနှစ်မှစတင်၍ ယခုလက်ရှိ (၄၄)ယောက်မြောက် ညွှန်ကြားရေးမှူး ဦးတင့်ခိုင် လက်ထက်အထိ ခေတ်အဆက်ဆက်နေထိုင်ခဲ့သည့် အဆောက်အအုံဖြစ်ပြီး နှစ်ပေါင်း ၁၃၀ ခန့် သက်တမ်းရှိပြီဖြစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၈-၄-၂၀၂၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၃၄/၂၀၂၂ အရ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခြင်းခံရကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာန၏ (၄၄)ယောက်မြောက် ညွှန်ကြားရေးမှူး ဦးတင့်ခိုင် လက်ထက် ၁၇-၉-၂၀၂၆ ရက် (ကြာသပတေးနေ့)၊ နံနက် (၀၈:၁၀) နာရီအချိန်တွင် ရှေးဟောင်း အဆောက်အအုံ အမှတ် - ရ ၁၈ ၀၀၃ (The Ancient Building No. SHAN 18 003) အဖြစ် အသိအမှတ်ပြုသည့် (၁၀ x ၁၅) လက်မအရွယ် ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ရေးထိုးခဲ့ပါကြောင်း မှတ်တမ်းတင်ချက် အရ သိရပါသည်။
နိုင်ငံတကာမှာလည်း ဒီလို သက်တမ်းရင့် အဆောက်အအုံ ထိန်းသိမ်းတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ဒီလို သက်တမ်းရင့် အဆောက်အဦ တွေ ရှိတာ ရှမ်းပြည်နယ်ရဲ့ ဂုဏ်သိက္ခာ တစ်ရပ် လည်း ဖြစ်ပါတယ်။ အိမ်ကို ကြံ့ခိုင်ရေးတွေ အခြေအနေတွေ အဆင်ပြေအောင် ထိန်းသိမ်းရာ မှာလည်း မူလ ရဲ့ အာခီတက် မပျက်မစီးအောင် အလေးထားပြီး ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြအပ်ပါတယ်ဗျာ။
ဟု ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးတင့်ခိုင် က ဆိုသည်။
သတင်း နှင့် ဓါတ်ပုံ - စည်သာ(တောင်ကြီး)
ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး နေအိမ်ကို ရှေးဟောင်း အဆောက်အအုံ အဖြစ် ကမ္ဗည်းကြေးပြားရေးထိုး တပ်ဆင်