Myanmar National Post

မြောက်ဥက္ကလာပမြို့နယ်တွင် ပန်းချီ နှင့် အင်္ဂလိပ်စာစွမ်းရည် ထူးချွန် သော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့် ပေးအပ်








မြောက်ဥက္ကလာ၊ အောက်တိုဘာ  ၂

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်းတွင် မြတ်မင်္ဂလာဆရာတော်ကြီးမှ  ကြီးမှူးကျင်းပ သော ပန်းချီ နှင့် အင်္ဂလိပ်စာစွမ်းရည် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန် အဆိုပါ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြတ်မင်္ဂလာဆရာတော်ကြီး  ဦးဩဘာသက ဩဝါဒစကားမိန့်ကြားပြီး မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့၀င် ဦးမျိုးမင်းလတ်က  အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်း အုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ရီက ပြိုင်ပွဲပြုလုပ် ပေးရခြင်း၏အကျိုး‌‌ ကျေးဇူးများအား ရှင်းလင်း ပြောကြားခဲ့သည်။  ထို့နောက် ပန်းချီ နှင့် အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲများတွင် အတန်းများအလိုက် ထူးချွန်ဆုရရှိ သော ကျောင်းသား ၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများ အသီးသီးဆု ချီးမြှင့် ပေးအပ်ခဲ့ ကြ ကြောင်းသိရသည်။


သက်လွင်စိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post