Myanmar National Post

ဆန္ဒပြကျောင်းသား ၂၀၀၀ကျော်ကို ပြင်သစ်ရဲတွေ ဖမ်းဆီး


အောက်တိုဘာ - ၂ ( သောကြာနေ့ ) 

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ပြင်က စိန့်ဒန်နစ် မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ကြာသပတေးနေ့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ သပိတ်မှောက်မှုတွေအတွင်း ပြင်သစ်တစ်ဝန်းမှာ ကျောင်းသား ၂,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

အထက်တန်းကျောင်းသားတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ သပိတ်မှောက်တဲ့နေရာကို  မီးသတ်သမားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ထမ်းတွေအပြင် အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး အစားထိုးဆရာ/ဆရာမတွေ ပိုမိုခန့်အပ်ပေးဖို့နဲ့ သင်ကြားရေးအခြေအနေတွေ ပိုမိုကောင်းမွန်လာစေဖို့ တောင်းဆိုခဲ့ကြတာပါ။ 

ကျောင်းသားတွေဟာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံချိန်မှာ အရေးပေါ်အတားအဆီးတွေ ပြုလုပ်တာ၊ ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ပိတ်ဆို့တာအပြင် အမှိုက်ပုံးတွေကို မီးရှို့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ကြာသပတေးနေ့တစ်ရက်တည်းမှာတင် စုစုပေါင်း ၁,၉၄၉ ဦး ဖမ်းဆီးခံခဲ့ရပြီး ဒါဟာ မနေ့က ဖမ်းဆီးခံရသူ ၆၂၅ ဦးထက် အဆမတန် မြင့်တက်လာတာ ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ထမ်း ပြည်ထဲရေးဝန်ကြီး လောရန့် နူးနက်ဇ် က ဒီလို ဖြစ်ရပ်တွေကို "ထိန်းမနိုင်သိမ်းမရ အကြမ်းဖက်မှု" လို့ ဝေဖန်ရှုတ်ချခဲ့သလို၊ ရဲတပ်ဖွဲ့ဝင်နဲ့ ရဲကင်းတပ်ဖွဲ့ဝင် ၃၀၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပညာရေးဝန်ကြီး အီဒိုအာ ဂျက်ဖရေး က ဆူပူအကြမ်းဖက်မှုတွေကြောင့် သောကြာနေ့မှာ ကျောင်းပေါင်း ၄၀၀ ကျော် ပိတ်ထားရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို "အကြမ်းဖက်အုပ်စုတွေက ဓားစာခံလုပ် သွေးထိုးလှုံ့ဆော်နေကြတာ" လို့လည်း သူက စွပ်စွဲပြောဆိုခဲ့ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post