Myanmar National Post

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းပွဲကျင်းပ






ပခုက္ကူ၊ အောက်တိုဘာ ၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ပခုက္ကူမြို့၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ယနေ့နံနက်၉နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းပွဲကျင်းပ ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းဖွင့်လှစ်သင်ကြားပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက သင်တန်းထူးချွန်ဆုနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဦးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများကိုယ်တိုင် ဒီဇိုင်းရေးဆွဲချုပ်လုပ်ထားသော အဝတ်အထည်ဒီဇိုင်းများနှင့်လူသုံးကုန်ပစ္စည်းများအားခင်းကျင်ပြသထားမှုကို ကြည့်ရှုအားပေး ကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ ၃၀ဦးတက်ရောက်ခဲ့ပြီး ၂၀၂၆ခုနှစ်၊မေလ၄ရက်မှ အောက်တိုဘာလ၂ရက်နေ့အထိ သင်တန်းကာလခြောက်လကြာ စာတွေ့ လက်တွေ့စနစ်တကျသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

မူရင်းသတင်း — Myanmar National Post