Eleven Media Group

ဆန်ဈေးနှုန်း မြင့်မားအောင် ပုံမှန်ရောင်းဝယ်မှု မဟုတ်သောပုံစံဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်းများ အထူးရှောင်ကြဉ်ရန် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ထုတ်ပြန်

ဆန်ဈေးနှုန်း မြင့်မားအောင် ပုံမှန်ရောင်းဝယ်မှု မဟုတ်သောပုံစံဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်းများ အထူးရှောင်ကြဉ်ရန် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်များတွင် ဆန်ရောင်းဝယ်သူများသည် စီးဝင်/ စီးထွက်စာရင်းများကို သတ်မှတ်ထားသော ပုံစံဖြင့် ဖြည့်သွင်းပြီး ကုန်စည်ဒိုင်သို့ နေ့စဉ်တင်ပြရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်းရှိ ဆန်ရောင်ဝယ်သူ အသင်းသူ/သားများသည် MyRo သိုလှောင်ရုံ မှတ်ပုံတင်သည့်စနစ်ဖြင့် ဆန်သိုလှောင်မှုအရေအတွက်ကို စည်းကမ်းချက်များအတိုင်း အချိန်နှင့်တပြေးညီ စာရင်းသွင်ဆောင်ရွက်ရန်လည်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက သတိပေးထားသည်။

ထို့ပြင် နိုင်ငံတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာခြင်းမပြုဘဲ ဆန်စပါးကုန်စည်ဒိုင်များ၏ နယ်နိမိတ်ဧရိယာ အတွင်း/အပြင်နေရာများတွင် ဆန်အကျိုးဆောင်(ပွဲစား) အဆင့်ဆင့်ဖြင့် ရောင်းဝယ်မှုများ ပြုလုပ်ခြင်း၊ ဆန်ဈေးနှုန်းမြင့်မားအောင် ပုံမှန်ရောင်းဝယ်မှု မဟုတ်သောပုံစံဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်းများကို အထူးရှောင်ကြဉ်ရန် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက သတိပေးထုတ်ပြန်ထားသည်။

ဆန်စပါး ရောင်းဝယ်သူများသည် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများမှ ထုတ်ပြန်သော ဆန်ဈေးနှုန်းများ စည်းကမ်းချက်များကို မပျက်မကွက် ပူးပေါင်းလိုက်နာဆောင်ရွက်ကြရန်ကိုလည်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group